
လွန်ခဲ့သော လအနည်းငယ်ခန့်က Gmail တွင်စတင် ထည့်သွင်းခဲ့သည့် -
ကို ယခုအခါ Gmail account အဟောင်းပိုင်ရှင်များလည်း အသုံးပြုနိုင်ပြီ ဖြစ်သည်။
ကျွန်တော်တို့၏ အီးမေးလ် လိပ်စာ အဟောင်းများတွင် -
ထို့ကြောင့် အဆိုပါ အကြောင်းအရာ မြောက်မြားစွာကို ကျွန်တော်တို့၏ Gmail အတွင်းသို့ အလွယ်တကူ ဆွဲယူထည့်သွင်းလာနိုင်ခြင်းသည် အလွန်အသုံး၀င်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။
ဤနည်းလမ်းကို အသုံးပြုလိုပါက Settings > Accounts and Import (http://mail.google.com/mail/?shva=1#settings/accounts) ကို နှိပ်ပြီး အတွင်းရှိ "Import mail and contacts." ကို ဆက်နှိပ်ကာ၊ နောက်ထပ် ပေါ်လာသည့် Window များနှင့် လမ်းညွှန်ချက်များအတိုင်း လိုက်ပါ လုပ်ဆောင်သွားရမည် ဖြစ်သည်။
အခြားသော အီးမေးလ်တစ်ခုမှ အကြောင်းအရာများအားလုံးကို ကူးယူရခြင်းကြောင့် - Gmail က ရက်အနည်းငယ်မျှ အချိန်ယူကာ လုပ်ဆောင်ရ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ နောက်ဆုံးတွင် အီးမေးလ်အဟောင်းများ အားလုံးသည် ကျွန်တော်တို့၏ Gmail account ထဲသို့ ရောက်ရှိလာမည် ဖြစ်သည်။ အားလုံး ပြီးဆုံးသွားပါက အကောင့်အဟောင်းကို မေ့ထားပြီး အားလုံးပါရှိနေသည့် လက်ရှိ Account တစ်ခုထဲဖြင့် သုံးနိုင်ပြီ ဖြစ်ပေသည်။
ရည်ညွှန်း - http://gmailblog.blogspot.com/2009/08/mail-and-contact-import-for-everyone.html
Add new comment