MyanmarLanguage.org မှာ Contributor တွေအနေနဲ့ Project တွေ ဖန်တီးလို့ ရပါတယ်။ အဲဒီအတွက် Project တစ်ခုမှာ ပါဖို့လိုအပ်တဲ့ အချက်တွေကို စဉ်းစားတဲ့အခါ Project License ကိုလည်း မဖြစ်မနေ ထည့်သွင်းဖို့လိုတဲ့ အကြောင်း Seth N. Hetu က အကြံပေးပါတယ်။ ကျွန်တော်တို့ရဲ့ ဆွေးနွေးချက် အချို့ကို Planning For Project Types ဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။ အဲဒီမှာ ကျွန်တော်အထူး သတိထားမိတာ တစ်ခုက ကျွန်တော်တို့ အနေနဲ့ ဆော့ဖ်၀ဲလိုင်စင် (Software License) တွေအကြောင်း ကောင်းကောင်းနားလည်ဖို့ အများကြီး လိုအပ်နေသေးတယ် ဆိုတာပါပဲ။
ဆော့ဖ်၀ဲလိုင်စင်တွေ အမျိုးအစား အများကြီးရှိပါတယ်။ GPL, BSD, MIT စသည်အားဖြင့် အခမဲ့ သုံးနိုင်တဲ့ လိုင်စင်တွေထဲမှာကို အမျိုးအစား အများကြီးပါ။ တစ်ခါတရံ ၀က်ဘ်ဆိုက်တွေလုပ်ရင်း တခြား Developer တွေ ဖန်တီးထားတဲ့ Plug-in, Tools နဲ့ Scripts တွေကို သဘောကျလို့ သုံးဖို့ကြိုးစားတဲ့အခါ လိုင်စင်အမျိုးအစားကို မဖြစ်မနေ ရှာဖွေရပါတယ်။ အခမဲ့ ပေးသုံးတာခြင်း အတူတူတောင်၊
စသည်ဖြင့် အမျိုးမျိုး ဖြစ်နေတတ်ပါသေးတယ်။ တခါတလေ "Creative Common Share Alike version..." ဆိုတဲ့ လိုင်စင်မျိုးကိုလည်း တွေ့ရမှာပါ။ တခါတလေ အဲဒီလိုင်စင်တွေကို ဖတ်ရင်း ခေါင်းရှုပ်လာပြီး မသုံးရဲတော့တာမျိုးလည်း ရှိပါသေးတယ်။ အဲဒီတော့ ဘယ်လို Professional ပဲဖြစ်ဖြစ် နိုင်ငံတကာနဲ့ ယှဉ်ပြီး အလုပ်လုပ်တော့မယ် ဆိုတဲ့ အခါမှာ လိုင်စင်ကိစ္စက အတော်လေး အရေးကြီးလာပါပြီ။
ကျန်တဲ့ တခြားမြန်မာ Web Professional (Developers, Designers, Masters) ညီအကို မောင်နှမတွေလည်း အခုလို အတွေးမျိုး ခံစားချက်မျိုး မကြာခဏ ကြုံတွေ့ဖူးလိမ့်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် အသက်ငယ်ရွယ်ပြီး အတွေ့အကြုံလည်း နုနယ်သေးတဲ့ သူတွေမှာ ပိုကြုံတွေ့ရမယ် ထင်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ ဆော့ဖ်၀ဲလိုင်စင်တွေကို တတ်နိုင်သလောက် မူရင်းအဓိပ္ပါယ်မပျက်ဘဲ မြန်မာလိုလည်း နားလည်ရလွယ်အောင် ဘာသာပြန်ကြရင် ကောင်းမယ်လို့ ထင်ပါတယ်။ မူရင်းကို အတိအကျပြန်ဖို့ဆိုတာတော့ အတော်လေး မလွယ်လှပါဘူး။ အများအားဖြင့် အသုံးများတဲ့ ဆော့ဖ်၀ဲလိုင်စင်တွေဟာ ဘာသာစကား အတော်များများကို ဘာသာပြန်ထားပြီးသား ရှိပါတယ်။
တကယ်လို့ အသုံးများတဲ့ ဆော့ဖ်၀ဲလိုင်စင်တွေကို တတ်နိုင်သလောက် ဘာသာပြန်ပြီး မြန်မာလူမျိုးတွေ အတွက် အကျိုးများအောင် လုပ်ပေးဖို့ စိတ်၀င်စားကြမယ် ဆိုရင်တော့ MyanmarLanguage.org မှာ Translation Project များ အဖြစ်နဲ့ ၀ိုင်း၀န်း ကူညီနိုင်ပါကြောင်း.....
- Various Licenses and Comments about Them - http://www.gnu.org/licenses/license-list.html - Do We Need to Translate The Software Licenses? - http://www.myanmarlanguage.org/do-we-need-to-translate-the-software-lice...
Add new comment