Learning Drupal

Drupal Web site တစ်ခုကို ဖန်တီးရတာ သိပ်မလွယ်ကူ လှပါဘူး ...

ဒါပေမဲ့ အရမ်းခက်တယ်လို့လဲ မဆိုနိုင်ပြန်ဘူး...

နေအိမ်၊ တိုက်တာ အဆောက်အဦးအမျိုးမျိုးကို ပုံစံ အမျိုးမျိုး မြင်ဖူးကြမှာပါ...
ဘယ်လိုပဲ ပုံစံတွေပြောင်းလဲပါစေ... အခြေခံအဖြစ် အသုံးပြုထားတဲ့ “အုတ်၊ သဲ၊ ကျောက်၊ ထုံး၊ မှန်၊ သစ်သား၊ သံ..” စတဲ့ အခြေခံ အစိတ်အပိုင်းတွေကတော့ အတူတူပါပဲ...  တည်ဆောက်သူတွေရဲ့ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်အယူအဆ အပေါ်မူတည်ပြီး ထွက်ပေါ်လာတဲ့ အဆောက်အဦးတွေရဲ့ အသွင်နဲ့ အသုံး၀င်မှု ပြောင်းလဲသွားတာပါ...

Drupal Content Management Framework (CMF) ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ Website တွေဟာလည်း အထက်မှာ ပြောခဲ့တဲ့ အဆောက်အဦး ဥပမာလိုပါပဲ...

Drupal ကို သုံးထားတဲ့ Website တွေဟာ ရာပေါင်းများစွာသော အစိတ်အပိုင်းငယ်လေးတွေ (called modules in Drupal Terms)  ကို စနစ်တကျ စုပေါင်းတည်ဆောက် ပုံဖော်ထားတာ ဖြစ်ပါတယ်...

အဲဒီ အစိတ်အပိုင်းငယ် (Modules) တစ်ခုချင်းစီဟာ ကိုယ်ပိုင်အလုပ်တစ်ခုချင်းစီကို ဆောင်ရွက်ပေးပါတယ်...

 Drupal Modules တစ်ခုချင်းစီမှာ သီးခြား အရည်အသွေး၊ ဂုဏ်သတ္တိနဲ့ လုပ်ဆောင်ချက်တွေ ပိုင်ဆိုင်ထားပါတယ်...

  • အဲဒီ အစိတ်အပိုင်းလေးတစ်ခုချင်းစီရဲ့ အစွမ်း...
  • Website တည်ထောင်လိုသူတွေရဲ့ လိုအပ်ချက် အမျိုးမျိုးနဲ့
  • Web Developer တွေရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းအားတွေကို စနစ်တကျ စုစည်းလိုက်တဲ့ ရလာဒ်ဟာ ...

အစွမ်းထက်တဲ့ Drupal website တွေ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်...

ဆက်ရန်...

Add new comment