Knowledge & Experiences @ Google DevFests 2011 Singapore - Part - 1 - The Google Plus

Google ပေးနေတဲ့ ဝန်ဆောင်မှုတွေက အသစ် ဖန်တီးမှုတွေနဲ့ အမြဲတမ်း တိုးတက်နေသလို API တွေ အသစ်ထွက်တိုင်းလည်း သက်ဆိုင်ရာ နေရာ ဒေသတွေ အလိုက် Developer Conference တွေ လုပ်ပြီး သူတို့ရဲ့ ထုတ်ကုန်တွေနဲ့ အသုံးပြုနိုင်တဲ့ Feature တွေကို မိတ်ဆက်ပေးလေ့ ရှိပါတယ်။

အခု ဝေမျှမယ့် အကြောင်းတွေက ဒီနေ့ (12 November 2011) တက်ဖြစ်ခဲ့တဲ့ Grand Hyatt Hotel, 10 Scotts Road, Singapore မှာလုပ်တဲ့ Google DevFests 2011 Singapore event မှာ သိလိုက်ရတဲ့ နည်းပညာတွေနဲ့ အတွေ့အကြုံတွေ ဖြစ်ပါတယ်။ မတက်ဖြစ်တဲ့ ညီအကို မောင်နှမတွေနဲ့ အဝေးက မြန်မာ Developer ညီအကို၊ မောင်နှမ များအတွက်၊ လက်ရှိလုပ်နေတဲ့ ပရောဂျက်တွေနဲ့ နောက်လုပ်ရမယ့် အလုပ်တွေအတွက် အသုံးဝင်တဲ့ ဗဟုသုတ တစ်ခုခု ရစေဖို့ ရည်ရွယ်ပါတယ်။

Technologies and Topics

ဒီ event မှာ ဆွေးနွေးသူတွေက Google မှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေ၊ Developer တွေ၊ Product Manager တွေပါ။ အဓိက ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေရဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးသူတွေကို အောက်မှာ ဖော်ပြထားပါတယ်။

  • Getting started with the Google+ platform: the +1 button (by Timothy Jordan and Julia Ferraioli)
  • What's new and important in Android (by Ankur Kotwal)
  • Bleeding Edge HTML5 (by Eric Bidelman)
  • Google App Engine Overview & Update (by Christian Schalk)
  • Integrating with Google Apps: New APIs, New Features and Best Practices (by Steve Bazyl)
  • Building Integrated Applications on Google's Cloud Technologies (by Christian Schalk)
  • OAuth and OpenID for Data Access and Identity in web apps (by Steve Bazyl)
  • These Aren't the Sites You're Looking For: Modern HTML5 Web Apps (by Eric Bidelman)
  • Android Market for developers (by Ankur Kotwal)
  • Create magical apps and engage your audience using YouTube APIs (by Amanda Surya)
  • Using the Google+ platform: Public Data APIs and Hangouts (by Wolff Dobson)

အသေးစိတ်ကို Google DevFests 2011, Official Site မှာ ကြည့်နိုင်ပါတယ်။ ဆွေးနွေးသူတွေရဲ့ Google Profile link တွေလည်း အဲဒီမှာ ရှိပါတယ်။

သူတို့ရဲ့ ဆွေးနွေးချက်တွေထဲက မှတ်သားမိတဲ့ အချက်အလက်တွေကို မှတ်စုပုံစံနဲ့ ဆက်ပြီး ရေးသွားပါမယ်။

Notes on the topic: "Getting started with the Google+ platform: the +1 button" (by Timothy Jordan and Julia Ferraioli)

အဓိက ပြောသွားတာတွေကတော့

  • Google+ ကိုသုံးတတ်ရင် Search Engine ရဲ့ ရလာဒ်တွေ (Organic Search Results) ပိုကောင်းလာနိုင်ပါတယ်။
  • ကိုယ့်ဝက်ဘ်ဆိုက်မှာ ရှိတဲ့ Content တွေကို ပိုပြီး အလွယ်တကူ ရှာတွေ့လာနိုင်ပါတယ်။
  • ကိုယ်က Share လုပ်လိုက်တဲ့ Content တွေကို တခြားသူတွေကလည်း Share ရင်း အမှန်တကယ် လူသိများတဲ့ အကြောင်းအရာတွေ ဖြစ်လာနိုင်ပါတယ်။
  • Product သို့မဟုတ် Article တစ်ခုတည်းမှာ Link အမျိုးမျိုး ရှိနေခဲ့ရင် rel = "canonical" tag ကို အသုံးပြုဖို့ တိုက်တွန်းပါတယ်။ Google က Canonical link တူတဲ့ content တွေကို အကြောင်းအရာ တစ်ခုတည်းကို ရည်ညွှန်းတယ်လို့ နားလည်ပါတယ်။
  • ကိုယ့်ရဲ့ ဝက်ဘ်ဆိုက်နဲ့ Google ကို ပိုပြီး အလွယ်တကူ ချိတ်ဆက်နိုင်ဖို့ Google Webmaster tools တွေကို သုံးသင့်ပါတယ်။
  • ကိုယ့် Web page မှာပါတဲ့ အကြောင်းအရာတွေကို မူတည်ပြီး itemscope itemtype တွေကို ပြောင်းသုံးသင့်ပါတယ်။ ဥပမာ −
    1) ကိုယ်ရေးတဲ့ အကြောင်းအရာက Article ဆိုရင် <div itemscope itemtype="http://schema.org/Article">
    2) ကိုယ်ရေးတဲ့ အကြောင်းအရာက Local Business ဆိုရင် <div itemscope itemtype="http://schema.org/Restaurant">
  • Google+ callback parameter ကို ထိထိရောက်ရောက် သုံးပါ။
    Read more about Google+ button and callback parameters at HTMLWeb and Google+ Platform official developer guide
  • Google Analytics နဲ့ Google+ ကို တွဲသုံးပြီး ကိုယ့်ဆိုက်ကို လာတဲ့သူတွေကို လေ့လာဆန်းစစ်ပါ။
    Read more about Social Analytics at Yoast's article, Tracking Google+1 button Interaction in Google Analytics and Google's official documentation - About Social Plug-in Analytics
  • သင့်မှာ စီးပွားရေးလုပ်ငန်း တစ်ခုခုရှိမယ် ဆိုရင် Google + pages ကို သုံးပြီး သင့်ရဲ့ Business ကို ပိုပြီး လူသိများလာအောင် လုပ်ပါ။
    Google+ pages ကို 11 November 2011 မှာ စတင် မိတ်ဆက်ပေးတာ ဖြစ်တဲ့အတွက် လူသိ မများသေးပါဘူး။ Read more Google + pages on official Google+ pages and an article Business Pages: Facebook vs Google+ from ibitimes
  • Hangouts တွေသုံးပြီး သင့်ရဲ့ Customer တွေနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်အောင် ဖန်တီးပါ။
    Read more about the Public Data and Hangouts APIs at Google Developers

Some Famous Brands & Companies in Google Plus on Businesses

  1. Toyota USA
  2. Toyota Global
  3. The Next Web
  4. Hugo Boss
  5. Pepsi
  6. Mashable
  7. Android
  8. Fox News
  9. Yahoo
  10. Angry Birds
  11. Red Bulls
  12. FC Barcelona
  13. Google+ page on Google+
  14. Google Map
  15. Google Developers
  16. Smashing Magazine

To be continue...

Add new comment

Featured Articles