JDownloader - Free and Opensource alternative to Internet Download Manager

ကျွန်တော်တို့ ဆီမှာ အကြောင်းအမျိုးမျိုးကြောင့် သူများဆော့ဖ်ဝဲတွေကို မသိအောင် ခိုးသုံးနေခဲ့ရတာ အတော်ကြာခဲ့ပါပြီ။ အဲဒီထဲမှာ အသုံးအများဆုံး တစ်ခုကတော့ အင်တာနက် ဒေါင်းလုတ် မန်နေဂျာ ဆော့ဖ်ဝဲဖပါ။ ဒီဆောင်းပါးမှာတော့ အဲဒီဆော့ဖ်ဝဲအစား အခမဲ့ရယူ အသုံးပြုနိုင်ပြီး ပိုမို အစွမ်းထက်တဲ့ ဒေါင်းလုတ် မန်နေဂျာ ဆော့ဖ်ဝဲတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အင်တာနက် ဒေါင်းလုတ်မန်နေဂျာ (Internet Download Manager − IDM) ဆိုတာ ကျွန်တော်တို့နဲ့ အလွန်ရင်းနှီး ကျွမ်းဝင်နေတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာက ပိုက်ဆံပေးပြီး ဝယ်သုံးမှ ရမယ့် ဆော့ဖ်ဝဲ ဖြစ်နေတာပါ။ တကယ်လို့ အဲဒီ အင်တာနက် ဒေါင်းလုတ်မန်နေဂျာ ဆော့ဖ်ဝဲကို ခရက် (Crack) လုပ်ထားတာ မသုံးချင်ဘူး ဝယ်သုံးဖို့ကလည်း အကြောင်း အမျိုးမျိုးကြောင့် အဆင်မပြေဘူးဆိုရင်တော့ အခမဲ့ ရယူအသုံးပြုနိုင်တဲ့ JDownloader ကို အစားထိုး အသုံးပြုနိုင်ပါတယ်။

JDownloader - Free and Opensource alternative to Internet Download Manager

JDownloader (JD) ဆိုတာ အင်တာနက် ဝက်ဘ်ဆိုက်တွေထဲက ဖိုင်တွေ၊ ပုံတွေ၊ ဆော့ဖ်ဝဲတွေ၊ Youtube, Vimeo စတဲ့ ဆိုက်ပေါင်းစုံက ဗီဒီယိုတွေကို အလွယ်တကူ ဒေါင်းလုတ်ချပေးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုပါ။

JD ရဲ့ စွမ်းဆောင်ရည် အချို့ကို အောက်မှာ​ဖော်ပြပေးထားပါတယ်...

  1. JD ကို Windows, Linux, Mac စတဲ့ OS အမျိုးမျိုးမှာ အလွယ်တကူ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
  2. Java 1.5 နဲ့ အထက်ကို သုံးထားတဲ့ ကွန်ပျူတာ စနစ်တိုင်းမှာ အလုပ်လုပ်ပါတယ်။
  3. လုံးဝ Open-Source (GPL) ဆော့ဖ်ဝဲ စစ်စစ်လည်း ဖြစ်ပါတယ်။
  4. ဖိုင်တွေ အများကြီးကို တစ်ပြိုင်နက်ထဲ Download ချချင်တဲ့ သူတွေ အတွက် သိပ်ကို အသုံးဝင်ပါတယ်။
  5. Connection လမ်းကြောင်း အများကြီးကနေလည်း Download ချနိုင်ပါတယ်။
  6. Zip, Rar, 7z စတဲ့ ဖိုင်တွေကို Download ချပြီး ပြီဆိုတာနဲ့ အလိုအလျောက် ဖြည်ပေးတဲ့ စနစ်လည်း ပါရှိပါတယ်။
  7. အင်တာနက်မှာ ရှိတဲ့ Rapidshare, Mediafire, Extabit စတဲ့ File hosting server 110 ကျော်က ဖိုင်တွေကို ဆွဲချရာမှာ အထောက်ပြုတဲ့ plugin တွေလည်း အများကြီး ပါရှိပါတယ်။
  8. အင်တာနက် ကော်နက်ရှင် ပြတ်တောက်သွားလည်း၊ ပြန်ရတဲ့အချိန်မှာ အလိုအလျောက် ပြန်ချိတ်ပြီး ဒေါင်းလုတ် လုပ်နိုင်ဖို့အတွက် JDLiveHeaderScripts တွေ ပါရှိပါတယ်။ Router အမျိုးအစားပေါင်း 1400 ကျော်ကို အထောက်အပံ့ ပေးထားပါတယ်။
  9. ဆောဖ့်ဝဲ Update လုပ်ဖို့အတွက် အင်တာနက်ကနေပဲ အလိုအလျောက် Update လုပ်ပေးတဲ့ စနစ် ပါရှိပါတယ်။

JDownloader နဲ့ ပတ်သက်ပြီး နောက်ထပ် အသုံးဝင်တဲ့ သုံးပုံသုံးနည်းတွေ အများကြီး ရှိပါသေးတယ်။ အလျင်းသင့်သလို ဆက်လက် ဝေမျှသွားပါ့မယ်။ နောက်ထပ် အသုံးဝင်တဲ့ အခမဲ့ ရယူ အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲများ အကြောင်းကိုလည်း MMShare ရဲ့ Software မီနူးအောက်မှာ လေ့လာ ဖတ်ရှု အသုံးပြုနိုင်ပါတယ်။

မြန်မာ ညီအကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်ဝပျော်ရွှင်ကြပါစေ...

ဒေါင်းလုတ်လင့်များ

Online Installers - http://jdownloader.org/download/index Offline Installlers for Windows - http://jdownloader.org/download/offline

Add new comment

Similar Articles

Featured Articles