Inbox Preview - Gmail ၏ စမ်းသပ်မှု အသစ်

အင်တာနက် အမြန်နှုံး အလွန်နှေးသည့် နေရာတွင် Gmail အသုံးပြုရသည့် အခါတွင်များစွာ အဆင်ပြေလွယ်ကူစေမည့် နည်းပညာသစ်တစ်ခုကို Google က ထပ်မံ မိတ်ဆက်လိုက်သည်။ ဤနည်းမှာ ကျွန်တော်တို့လို အင်တာနက်အမြန်နှုံး သိပ်မမြန်သည့် နေရာများတွင် အသုံးပြုသူများအတွက် အသုံး၀င်မည် မှာ သေချာသည်။
Inbox Preview ဟု အမည်ပေးထားသည့် ဤစနစ်သည် Gmail ကိုဖွင့်နေစဉ် အချိန်တွင် ကျွန်တော်တို့၏ - Inbox အတွင်းမှ နောက်ဆုံး၀င်ရောက်နေသည့် အကြောင်းအရာ 10 ခုကို အကြိုဖော်ပြပေးမည် ဖြစ်သည်။

အသုံးပြုလိုပါက Gmail > Settings > Labs အတွင်းမှ Inbox preview ကို Enable လုပ်ပေးထားရမည် ဖြစ်သည်။

Ref: Gmail Blog, Gmail Settings

Tags:

Add new comment

Similar Articles

Featured Articles