ကုသိုလ် ပညာ ဥစ္စာ ရဖို့

အရွယ်ရောက်လာတဲ့ လူတစ်ယောက် အတွက် နေ့စဉ်နဲ့ အမျှ မဖြစ်မနေ ရရှိနေဖို့ လိုအပ်တာက ကုသိုလ်၊ ပညာ နဲ့ ဥစ္စာပါ။

ကုသိုလ်

ကုသိုလ် ရအောင် လုပ်ရမယ့် အပိုင်းက ကိုယ်လုပ်မှ ကိုယ်ရမယ့် အပိုင်းပါ၊ အလကား နေရင်း ရမယ့် ကုသိုလ်ကို နေ့စဉ် မနက် အိပ်ယာထ၊ ညအိပ်ယာဝင်၊ အချိန်တိုင်း သတိရရင် ရသလို ကုသိုလ် ရယူနိုင်အောင် ကြိုးစားတာ အရမ်းကောင်းတဲ့ အလေ့အကျင့်ပါ။

ပညာနဲ့ ဥစ္စာ

ပညာနဲ့ ဥစ္စာ အတွက်က ကိုယ့်ပတ်ဝန်းကျင်၊ လုပ်နေတဲ့ အလုပ် စတာတွေနဲ့ ဆက်စပ်နေပါတယ်။ လခစား ၀န်ထမ်း တစ်ယောက် အတွက်ဆိုရင် ဥစ္စာ၊ တနည်းအားဖြင့် လစာက ပုံသေ ဖြစ်သွားတဲ့ အတွက် တစ်နေ့တာ မှာ သူ့အတွက် ရစရာ က ပညာပဲ ကျန်ပါတော့တယ်၊ တစ်နေ့လုံး၊ တစ်ပတ်လုံး၊ တစ်လလုံး၊ တစ်နှစ်လုံးနေလို့မှ ကိုယ့်အတွက် ပညာနဲ့ အတွေ့အကြုံ ကောင်းကောင်း မရလိုက်ဘဲ၊ စိတ်ဆင်းရဲစရာတွေ အမြဲရင်ဆိုင်နေရ၊ လစာနဲ့ မကာမိအောင် စိတ်ညစ်နေရတယ် ဆိုရင်တော့ တစ်ခုခုတော့ မှားနေပါပြီ။

သင်ဟာ အလုပ်ရှင် ဒါမှမဟုတ် ဆုံးဖြတ်ပေးနိုင်တဲ့ အခွင့်အရေး ဖန်တီးနိုင်တဲံ ခေါင်းဆောင်တစ်ယောက် ဆိုရင်တော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ပညာ၊ အတွေ့အကြုံနဲ့ တခြား အခွင့်အရေးတွေ ကောင်းကောင်းရနေအောင် ဖန်တီးပေးနေ သင့်ပါတယ်။ ဘာအလုပ်ပဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေ မရှိဘဲ မအောင်မြင်ဘူးဆိုတာ အမြဲသတိရနေ စေချင်ပါတယ်။

သင်ဟာ လခစား ၀န်ထမ်း တစ်ယောက်ဖြစ်ပြီး ပညာ အတွေ့အကြုံနဲ့ လစာ ကောင်းကောင်း မရတဲ့ နေရာမှ ရောက်နေပြီ ဆိုရင်တော့ - ဒီဆောင်းပါးလေး
" အလုပ်ပြောင်းလိုသူများ အတွက် အရေးကြီး အချက် ၃ ချက်
MMShare - http://mmshare.org/node/3502
Facebook - http://fb.co/775323185863352" ကို ဆက်ဖတ်ပြီး အမြန်ဆုံး အကောင်အထည် ဖော်ပါလို့ အားပေးလိုက်ပါတယ်...
ညီအကို မောင်နှမ အားလုံး အတွက် စိတ်အေးချမ်း ပျော်ရွှင်စရာ စနေ တနင်္ဂနွေတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.... :)

Original post is on facebook with Zawgyi - http://fb.co/858483957547274

Add new comment

Featured Articles