သူရဲကောင်းများ မွေးဖွားမည်

ကျွန်တော်တို့ တိုင်းပြည်မှာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ၊ ကမ္ဘာက အထူးလေးစား အတုယူကြရတဲ့ ရဟန်း ရှင် လူ တွေ အတော်များများ ထွက်ပါတယ်။
သူတို့တွေရဲ့ စိတ်ဓါတ်၊ အကျင့်စာရိတ္တ၊ အများပြည်သူ အပေါ်ထားတဲ့ စေတနာ၊ လက်တွေ့ လုပ်ရပ်တွေနဲ့ ခေါင်းဆောင်ကောင်း ပီသမှုတွေဟာ တကယ့်ကို အတုယူ လေးစား မြတ်နိုး စရာပါပဲ။

အဲဒီ အထဲကမှ အထင်ရှားဆုံး အတုယူစရာ လူပုဂ္ဂိုလ် လေးယောက်ကို နမူနာ ထုတ်ပြချင်ပါတယ်။
သူတို့တွေကတော့ −
၁) မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း
၂) ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဉီးသန့်
၃) မြန်မာ နိုင်ငံတော် သမ္မတ ဉီးသိန်းစိန်
၄) မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်

တူညီသော အရည်အချင်းများ

ဒီ လူပုဂ္ဂိုလ် လေးယောက် အကြောင်းကို လူတိုင်း သိပြီးသား ဖြစ်တဲ့အတွက် အသေးစိတ် မပြောတော့ပါဘူး။
ဒါပေမယ့် သူတို့အားလုံးမှာ တူညီစွာ ရှိနေတဲ့ စိတ်ဓါတ်တွေကိုတော့ ပြောချင်ပါတယ်။
သူတို့ အားလုံးမှာ တူညီစွာ ရှိကြတဲ့ အရည်အချင်းတွေကတော့ −
၁) ရိုးသား ဖြောင့်မတ်မှု
၂) တည်ကြည်မှု
၃) အဂတိ တရား ကင်းရှင်းမှု
၄) ပွင့်လင်းမှု
၅) ဘာသာတရား ရိုသေ ကိုင်းရှိုင်းမှု
၆) တိုင်းသူ ပြည်သားများ အပေါ် ချစ်ခင် မြတ်နိုးမှု
၇) အများအကျိုး အတွက် အမြဲတမ်း အဆင်သင့် ရှိမှု
၈) ကိုယ်ကျိုး စွန့်လွှတ်နိုင်မှု
၉) မိမိကျင်လည်ရာ နယ်ပယ်နှင့် သက်ဆိုင်သော အသိပညာ အတတ်ပညာတွင် ကျွမ်းကျင်မှု
၁၀) ပညာရှင်များကို ချစ်ခင် မြတ်နိုး အားကိုးမှု
၁၁) အားကိုး ယုံကြည် စိတ်ချရပြီး ကိုယ်စိတ်နှလုံး ထပ်တူမျှသော လက်တွဲဖော်ကောင်း ရှိမှု

နောက်ထပ် အများကြီး ရှိပါသေးတယ်။
တစ်ဉီးချင်းစီမှာလည်း ထူးခြားတဲ့ ပင်ကိုယ် အရည်အချင်းတွေ ရှိပါတယ်။
အသေးစိတ်သိချင်ရင်တော့ အောက်မှာပါတဲ့ link တွေကနေ လေ့လာနိုင်ပါတယ်။

သင်လည်း ဖြစ်နိုင်သည်

အဲဒီလို လူမျိုးတွေ များများရှိလာတာနဲ့ အမျှ မြန်မာပြည်နဲ့ ကမ္ဘာလောကကြီးက ပိုပြီး ငြိမ်းချမ်းသာယာလာမှာ အမှန်ပါပဲ။
ဗိုလ်ချုပ်၊ ဉီးသန့်၊ ဉီးသိန်းစိန်နဲ့ အမေစုတို့လို လူတွေ အများကြီး ဖြစ်လာဖို့ ကျွန်တော်တို့မှာ တာဝန် ရှိပါတယ်။
ကျွန်တော်တို့ရော သူတို့လို မဖြစ်နိုင်ဘူးလား....?

အသက် ငယ်တာ ကြီးတာနဲ့ မဆိုင်ပါဘူး။ သူတို့လို ဖြစ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အတိုချုပ် ပြောရမယ်ဆိုရင်−
၁) သင်ဟာ အသက် ၂၀ - ၄၀ ဝန်းကျင် အရွယ်အတွင်းမှာ ဆိုရင် အပေါ်မှာဖတ်ခဲ့တဲ့ အရည်အချင်းတွေ ရှိလာအောင် မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကို အမြဲတမ်း ပြုပြင် ကြိုးစား နိုင်ပါတယ်။
၂) သင်ဟာ သားသမီး ရှိတဲ့ မိဘ တစ်ယောက်၊ ကျောင်းသား ကျောင်းသူတွေကို စာသင်နေတဲ့ ဆရာ/ဆရာမ တစ်ယောက်ဆိုရင် ကိုယ်တိုင်လည်းကျင့် ကိုယ့် သားသမီးနဲ့ တပည့်တွေကို အဲဒီ အရည်အချင်းတွေ ရှိလာအောင် လေ့ကျင့် ပျိုးထောင် ပြုစု စောင့်ရှောက်ပေးပါ။
၃) သင်ဟာ အရွယ်လည်း လွန်နေပြီ (သို့မဟုတ်) အပေါ်မှာက နံပါတ်နှစ် အချက်ကိုလည်း မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ့်မှာ ရှိတဲ့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ တကိုယ်ကောင်းစိတ်ဓါတ်ကို နည်းနိုင်သမျှ နည်းအောင်၊ အများအကျိုး သယ်ပိုးလိုတဲ့ စိတ်ဓါတ်ကို များနိုင်သမျှ များလာအောင် ကြိုးစားပါ။ လက်တွေ့ ကျင့်သုံးပါ။ ကျွန်တော်တို့ တိုင်းပြည်မှာ သင့်လို အများအကျိုး သယ်ပိုးတတ်တဲ့ အမျိုးကောင်းသား အမျိုးကောင်း သမီးတွေ အရေးတကြီး လိုအပ်နေပါတယ်။

သင်ထွက်သွားပါ....

တကယ်လို့ အပေါ်က အချက်သုံးခုလုံးကို တစ်ခုမှ မလုပ်နိုင်ဘူး ဆိုရင်တော့ သင့်ကိုယ်သင် မလိမ်မညာဘဲ အခုလို ပြန်မေးကြည့်ပါ...
"ငါ ဒီတိုင်းပြည်မှာ ဘာလုပ်ဖို့ နေ နေတာလဲ... ငါရှိနေလို့ ဒီတိုင်းပြည်မှာ ဘာ အကျိုးရှိနေသလဲ..."
တကယ်လို့ အဖြေထွက် မလာဘူး ဆိုရင်တော့ နောက်ဆုံး လုပ်နိုင်တာ တစ်ခု ရှိပါတယ်...
အဲဒါကတော့ သင် မြန်မာပြည်က ဝေးရာကို ထွက်သွားဖို့ပါပဲ...
သင်ဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာ မရှိတဲ့သူ ဖြစ်လို့ပါပဲ...
သင်ဟာ စိတ်ထား ဖြူစင်တဲ့ တိုင်းရင်းသားတွေ ပေါင်းစည်းနေထိုင်တဲ့ မြန်မာပြည်နဲ့ မထိုက်တန်ပါဘူး...
ဆက်နေလည်း သင်ဟာ မြန်မာပြည်အတွက် ကောင်းရာမွန်ရာ တစ်ခုမှာ လုပ်မှာ မဟုတ်ပါဘူး..
ဒါကြောင့် ထွက်သွားတာက အားလုံးအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်..

လေ့လာရန် အထုပ္ပတ္တိများ

၁) ဦးသန့် - http://goo.gl/cFQXs
၂) ဗိုလ်ချုပ်အောင်ဆန်း - http://goo.gl/YlbVK
၃) ဦးသိန်းစိန် - http://en.wikipedia.org/wiki/Thein_Sein
၄) ဒေါ်အောင်ဆန်းစုကြည် - http://goo.gl/vjBJp

Tags:

Add new comment

Similar Articles

Featured Articles