Research ပြုလုပ်ခြင်းဟာ Engineer, Doctor, Web Developer, Web Designer, Author, Teacher အစရှိတဲ့ နယ်ပယ်အသီးသီး၊ လုပ်ငန်း အမျိုးမျိုးက ပညာရှင်များအားလုံးအတွက် အထူးအရေးကြီးပါတယ်။ ကုန်ကုန်ပြောရရင် ကွမ်းယာရောင်းတဲ့သူလည်း သုတေသနနဲ့ မကင်းပါဘူး။ စိန်ခေါ်မှု အသစ် (New Challenge)၊ တောင်းဆိုမှု အသစ် (New Feature Requests) မရှိတဲ့ လုပ်ငန်း၊ အဲဒီ တောင်းဆိုမှုတွေကို မဖြည့်ဆည်းနိုင်တဲ့ လုပ်ငန်း၊ Challenge တွေကို ရင်မဆိုင်ရဲတဲ့ Professionals တွေဟာလည်း ရေရှည်မှာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။
Professional တစ်ဦးအနေနဲ့ လုပ်ငန်းခွင်တစ်ခုမှာ နေ့စဉ် အလုပ်လုပ်တဲ့အခါ သုတေသန ပြုလုပ်ခြင်း (Researching) ဆိုတာ မလွဲမသွေ ပြုလုပ်ရတဲ့ အလုပ်ပါ။ လုပ်ငန်းအသစ်တစ်ခု စတင်တာ ဖြစ်စေ၊ လက်ရှိလုပ်နေတဲ့ ပရောဂျက်ကို ပြင်ဆင်တာ၊ Feature အသစ်တွေ ထပ်ထည့်တာ၊ ပိုကောင်းအောင်လုပ်တာပဲ ဖြစ်စေ အဲဒါတွေအားလုံးကို လုပ်တော့မယ်ဆိုရင် သုတေသနလုပ်ဖို့ လိုတာပါပဲ။ ဒီဆောင်းပါးမှာ ကျွန်တော်တို့ Research လေးတွေ လုပ်တဲ့အခါ သတိထားသင့်၊ လုပ်သင့်တာလေးတွေကို ဆွေးနွေးကြည့်ကြရအောင်။
သုတေသနတိုင်းရဲ့ အစဟာ
ကနေ အစပြုလေ့ ရှိပါတယ်။
လိုအပ်ချက်ကို သိမှ အဲဒီလိုအပ်ချက်ကို ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေဖော်ထုတ် နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် ကိုယ်လုပ်ချင်တဲ့အလုပ်၊ ဖြေရှင်းချင်တဲ့ ပြဿနာကို ရှင်းရှင်းလင်းလင်းသိအောင် အရင်လုပ်ဖို့ လိုပါတယ်။ ငယ်ငယ်က သင်္ချာသင်ခန်းစာတွေမှာ ရခဲ့တဲ့ မေးခွန်းကို သေချာဖတ်၊ ရှင်းရှင်းလင်းလင်း နားလည်အောင် နှစ်ခေါက်၊ သုံးခေါက်ထက်မနည်း ဖတ်ခိုင်းတဲ့ အလေ့အကျင့်က၊ ကျွန်တော်တို့ ကျောင်းသားဘ၀ကတဲက ရရှိခဲ့တဲ့ အရမ်းကောင်းတဲ့ အလေ့အကျင့် တစ်ခုပါပဲ။
ပြဿနာ (သို့) လိုအပ်ချက်ကို ရှင်းအောင်၊ သေချာနားလည်အောင် အစကတဲက မလေ့လာခဲ့ရင် ရှေ့ဆက်လုပ်ရတဲ့ အလုပ်တွေမှာ လွဲချော်မှုတွေ ရှိလာတတ်ပါတယ်။ နောက်ဆုံးမှာ လိုချင်တာက တစ်ခြား၊ ရလာတာက တစ်ခြား ဖြစ်လာတာတွေ ရှိနေပြီ ဆိုရင် အဲဒါ အစကတဲက ပြဿနာကို သေသေချာချာ ရှင်းရှင်းလင်းလင်း မသိခဲ့လို့ပါပဲ။ Boss ကဆီ ဖြစ်စေ၊ Client တစ်ဦးဦးဆီက ဖြစ်စေ တောင်းဆိုမှုတစ်ခုခု ကြုံလာတိုင်း၊ သူတို့ လိုချင်တာ ဘာလဲဆိုတာကို ရှင်းလင်းအောင် ပြန်ပြီးဆန်းစစ်ဖို့၊ ပြန်ပြီး အတည်ပြုဖို့ အရေးကြီးပါတယ်။ ကိုယ်ဖြေရှင်းမယ့် ပြဿနာ၊ လိုလားချက်ကို သူတို့ကိုယ်တိုင်က အတိအကျ၊ နားလည်ပြီး လက်ခံသဘောကျသွားပြီ၊ Confirm ဖြစ်ပြီ ဆိုမှ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို စတင်ရှာဖွေ၊ သုတေသန လုပ်ရမှာ ဖြစ်ပါတယ်။
ဒါမှလည်း နောင်မှာ ပြင်ဆင်ဖို့လိုအပ်လာတဲ့ အခါ ကိုယ့်ဘက်ကို Complaint ပြန်မလာမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ အတော်အရေးကြီးတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။ ပြန်မေးဖို့၊ ရှင်းလင်းတိကျတဲ့ မေးခွန်းတွေ ပြန်ထုတ်တတ်ဖို့ အထူး အရေးကြီးပါတယ်။ ဒါမှ ရလာမယ့် အဖြေကို ကိုယ့်ဘက်၊ သူ့ဘက် ရှင်းရှင်းလင်းလင်း သိနေမှာဖြစ်ပါတယ်။
ဖြေရှင်းရမယ့် ပြဿနာကို သိလာပြီဆိုရင် နောက်တစ်ဆင့်ကတော့ Research စလုပ်တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ
စတာတွေကို လုပ်ဖို့ လိုပါမယ်။
The Right Terms & Keywords - ဒီအချိန်မှာ ပထမဆုံး အဆင့်က နားလည်ခဲ့တဲ့ ပြဿနာရဲ့ အရင်းအမြစ်များကို အခြေခံပြီး ရှာရမှာ ဖြစ်ပါတယ်။ ကိုယ်ရှာနေတဲ့ အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ အသုံးအနှုံးတွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ တစ်ခါတစ်ရံ ကိုယ်သိထားတဲ့ အသုံးအနှုံး၊ စာပေမှာ ရေးသားထားတဲ့ အသုံးအနှုံးနဲ့ အများက လက်ခံထားတဲ့ အသုံးအနှုံးတွေ တူညီမှု မရှိရင်၊ ဒါမှမဟုတ် ကိုယ်က မသိခဲ့ရင် -- သုတေသနလုပ်ရတာ ခက်ခဲတတ်ပါတယ်။
အဆိုးဆုံး ပြဿနာကတော့ အမှားကို အမှားမှန်းမသိ၊ အမှားကို အမှန်ထင်နေမိတတ်တဲ့ ပြဿနာ ဖြစ်ပါတယ်။ အချိန်တွေ အရမ်းကုန်ပြီး၊ လူလည်း ပင်ပန်း နာမည်လည်းပျက်ရတဲ့ အထိ ဖြစ်တတ်ပါတယ်။
ဥပမာ - "ရွှေ" ကို ကိုယ်က မြန်မာလိုပဲ ရွှေလို့ သိပြီး အင်္ဂလိပ်လို "Gold" လို့ မသိခဲ့ရင်၊ ဒါမှမဟုတ် Silver (ငွေ) လို့ အမှားကြီး သိနေခဲ့ရင် မှန်ကန်တဲ့ Research တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ ရှာဖွေရသမျှ လွဲချော်နေမှာ၊ အမှားတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ကိုယ်လုံး၀ မသိသေးတဲ့ ပြဿနာတစ်ခုကို ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အချိန်မှာ သက်ဆိုင်တဲ့ သော့ချက်စကားလုံးတွေကို မှန်ကန်စွာ ရှာဖွေ၊ မှတ်သား၊ ရွေးချယ်အသုံးပြုတတ်ဖို့ အထူး အရေးကြီးပါတယ်။ ကိုယ်လုပ်မယ့် Research နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အစဖော်မရသေး၊ ဘယ်ကရှာရမယ်ဆိုတာ မသိသေးရင် Wikipedia နဲ့ Google Search ကို ပထမဆုံး သုံးဖို့ လိုပါလိမ့်မယ်။
The Right People - တစ်ကယ်တမ်း ပြဿနာတစ်ခုကို ဖြေရှင်းရတော့မယ်ဆိုရင် တစ်ခါတစ်ရံမှာ တစ်ယောက်ထဲ ဖြေရှင်းလို့ မနိုင်တာ၊ အချိန်မရတာတွေ ဖြစ်တတ်ပါတယ်။ တစ်ယောက်အားနှင့် ဆောင်သော်မရ တစ်သောင်းအားနှင့် ဆောင်သော် ရ၏ ဆိုတာ ဒီလို အခြေအနေမျိုးတွေ အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ ကိုက်ညီတဲ့ လူကို ရဖို့၊ ချဉ်းကပ်နိုင်ဖို့လည်း အရေးကြီးပါတယ်။
အပြန်အလှန်အားဖြင့် တစ်ကယ်လို့ တစ်ယောက်ယောက်က သူ့အခက်အခဲအတွက် ကိုယ့်ကို အကူအညီလာတောင်းတဲ့ အခါမျိုး ဖြစ်နေခဲ့ရင်လည်း၊ ကိုယ်ကူညီနိုင်၊ လုပ်ပေးနိုင်ရင် လုပ်ပေးဖို့၊ မလုပ်နိုင်ရင်လည်း စောစောစီးစီး ငြင်းပယ်ထားဖို့ အရေးကြီးပါတယ်။ အဲလို ငြင်းလိုက်ရတာက ရေရှည်အတွက် ကောင်းပါတယ်။ မလုပ်နိုင်တာကို စောစောစီးစီး မငြင်းဘဲ လက်ခံလိုက်ပြီး၊ နောင်မှာ အချိန်မှီ မပြီးစီးလို့ ပြောလိုက်ရတဲ့ အချိန်မှာ အချိန်လည်းကုန်၊ မိတ်လည်းပျက်တာမျိုး ကြုံရတတ်ပါတယ်။
နောက်ထပ် မဖြစ်မနေ လုပ်ရတဲ့ အလုပ်တစ်ခုကတော့ ကိုယ်လုပ်နေတဲ့ Research ကို မှတ်တမ်းထားရှိခြင်းပါပဲ။ မှတ်တမ်းပြုထားခြင်း အားဖြင့်
စတဲ့ အကျိုးများစွာကို ရရှိမှာ ဖြစ်ပါတယ်။
ဒီလိုမှတ်တမ်းလုပ်ထားတဲ့ အခါမှာလည်း
စသည်ဖြင့် အချက်အလက်များအားလုံးကို စနစ်တကျ နေ့ရက်၊ အမျိုးအစားခွဲခြားပြီး မှတ်တမ်းထားဖို့ လိုပါလိမ့်မယ်။ ကိုယ့်ရဲ့ Research ဟာ သေးငယ်ပြီး မိမိတစ်ကိုယ်ရေ အသုံးပြုဖို့ အတွက်ဆိုရင် သာမန် Notes လေးတွေ အဖြစ်နဲ့ စနစ်တကျ မှတ်တမ်းထားနိုင်ပါတယ်။ တကယ်လို့ အဖွဲ့လိုက် လုပ်နေတဲ့ သုတေသန ဖြစ်ခဲ့ရင် တော့ ကိုယ့် Team အတွင်းမှာ Share လုပ်သုံးနိုင်တဲ့ Forum, သို့မဟုတ် Wiki လေးတစ်ခုလုပ်ပြီး သိမ်းဆည်းထားသင့်ပါတယ်။
သင်ဟာ နည်းပညာ နယ်ပယ် ကျင်လည်နေသူဖြစ်ခဲ့ရင် - စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာ မကြောက်ပါနဲ့။ ပြဿနာအသစ်တွေကို ရင်ဆိုင်ရမှာလည်း မကြောက်ပါနဲ့။ ပြဿနာတွေကို ဖြေရှင်းရတာ ပျော်စရာကောင်းပါတယ်။ ပြဿနာတစ်ခုကို အောင်မြင်စွာ ဖြေရှင်းနိုင်လိုက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုနဲ့ မမြင်ရတဲ့ ခွန်အားတစ်ရပ်ကို ရရှိစေပါတယ်။ နောက်ထပ် ပြဿနာ အသစ်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းရဲတဲ့ သတ္တိတွေကို ရရှိစေပါတယ်။
တကယ်လို့ ပြဿနာတစ်ခုကို မဖြေရှင်းနိုင်သေးခဲ့ရင်လည်း စိတ်ဓါတ်မကျပါနဲ့။ ပြဿနာနဲ့ အဲဒီပြဿနာအတွက် အဖြေကြားမှာ မဖြစ်နိုင်ခြင်းပေါင်းများစွာ ရှိနေပါလိမ့်မယ်။ မဖြစ်နိုင်တာ တစ်ခုကို ရှာဖွေ့တွေ့ရှိ သက်သေပြနိုင်ခြင်းဟာလည်း ဖြစ်နိုင်တဲ့ နည်းလမ်းကို တွေ့ဖို့ အတွက် အဆင့်တစ်ခုပါပဲ။
အချိန်တစ်ခု ကြာလို့ အတိတ်ကို ပြန်လှည့်ကြည့်တဲ့အခါ သင်ပြုလုပ်ခဲ့တဲ့ Personal Research, Team Research တွေက သင်နဲ့ သင့်ဘ၀ခရီး၊ လုပ်ဖော်ကိုင်ဖက်များနဲ့ လူမှုပတ်၀န်းကျင်ကို ဘယ်လောက်အထိ လှပ၊ အောင်မြင်စေခဲ့တယ်ဆိုတာ ပြန်မြင်ရပါလိမ့်မယ်။
Add new comment