Google Wave

Google ကကြေငြာသည့် အသစ်ထုတ်မည့် အသုံးချဆော့ဖ်၀ဲ ၏ အမည်ကို Google Wave ဟု အမည်ပေးထားသည်။ http://wave.google.com/ ၀က်ဘ်ဆိုက်ကို တရား၀င်လွှင့်တင်ထားပြီး - Google Wave သည် အွန်လိုင်းပေါ်တွင် ဆက်သွယ်ရေးနှင့် လုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို လုပ်ဆောင်ပေးမည့် - အသုံးချဆော့ဖ်၀ဲတစ်ခုဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းတွင် ထွက်ပေါ်လာမည် ဖြစ်ကြောင်း - ၄င်း ဆိုက်တွင် ကြေငြာထားသည်။
အဆိုပါ ဖော်ပြချက်များအရ -

Google Wave
Equal Parts Conversation and Document
အသုံးပြုသူများသည် အတူတကွ အလုပ်လုပ်ရင်း - စာများ၊ ဓါတ်ပုံများ၊ ဗီဒီယိုများနှင့် မြေပုံများအပါအ၀င် အချင်းအရာများစွာကို  မျှေ၀ အသုံးပြုနိုင်ကြမည်...
ShareShare
မည်သည့် အဖွဲ့၀င်တစ်ဦးမဆို ဖတ်ရှုနေသည့် အကြောင်းအရာတစ်ခုအတွင်းရှိ မည်သည့် အပိုင်းကိုမဆို ပြင်ဆင်ခြင်း၊ အကြောင်းပြန်ကြားခြင်းနှင့် လုပ်ငန်းစဉ်တစ်ခုလုံး အတွင်းရှိမည်သည့်နေရာတွင်မဆို နောက်ထပ် အဖွဲ့၀င်သစ်များ ထပ်မံထည့်သွင်းနိုင်ခြင်း - စသည့် ေ၀မျှမှုများကို ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။ ထည့်သွင်းထားသည့် မှတ်တမ်းစနစ်ကြောင့် မည်သူ တစ်ဦးဦးက - အချိန်တစ်ခုတွင် - မည်သို့ လုပ်ဆောင်ခဲ့သည်ကို ပြန်လည် ကြည့်ရှုနိုင်သည်။
Live
ကျွန်တော်တို့ ရိုက်နှိပ်လိုက်သည့် အကြောင်းအရာများအားလုံးသည် အချိန်နှင့်တပြေးညီ ကမ္ဘာ့နေရာအနှံ့သို့ ဆက်သွယ်ရောက်ရှိနိုင်သည့်အတွက် အချင်းချင်း ပိုမိုလျင်မြန်စွာ ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ ပြင်ဆင်နိုင်ခြင်းနှင့် အချိန်နှင့် တပြေးညီ အပြန်အလှန်ဆက်သွယ်နိုင်ခြင်း စသည့် အကျိုးများစွာကို ရရှိမည်ဖြစ်သည်။

အဓိကကျသည့် သော့ချက်နည်းပညာ အချို့
- Real-time collaboration - မီဒီယာ အမျိုးမျိုးကို လူအများဖြင့် အချိန်နှင့်တပြေးညီ ပူးပေါင်းပြင်ဆင်တည်းဖြတ် အသုံးပြုခြင်း
        http://www.youtube.com/watch?v=3ykZYKCK7AM
- Natural language tools - စာကြောင်းများ ခန့်မှန်းပေးခြင်းနှင့် စာလုံးပေါင်း ပြင်ဆင်ပေးခြင်းစသည့် ဘာသာစကား နည်းပညာများ 

http://www.youtube.com/watch?v=Sx3Fpw0XCXk
- Extending Google Wave - အခြား၀က်ဘ်ဆိုဒ်များတွင် တိုးချဲ့ထည့်သွင်း နိုင်သည်

အသေးစိတ်ကို Ref မှတဆင့် မူရင်းဆိုက်တွင် ဆက်လက်လေ့လာ ဖတ်ရှုနိုင်ပါသည်....

Ref: Google Wave.

Images from : http://wave.google.com/help/wave/about.html

Add new comment

Similar Articles

Featured Articles