ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား Google က မကြာမီကပဲ Google+ ဆိုတဲ့ Social Networking Service တစ်ခုကို စတင် စမ်းသပ် ထုတ်လွှင့်လိုက်ပါတယ်။ တကယ်တော့ Google ရဲ့ Service အတော်များများဟာ ကျွန်တော်တို့ အားလုံးရဲ့ နေ့စဉ် လူမှုဘဝမှာ ပုံစံ အမျိုးမျိုးနဲ့ နေရာယူထား ပြီးသားပါ။ ဆောင်းပါးမှာ Google + ကို အသုံးပြုတော့မယ် ဆိုရင်တော့ အရေးကြီးတဲ့ တကိုယ်ရေ လုံခြုံမှုဆိုင်ရာ အချက်အလက်များ (Personal Security & Privacy) ကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
သင့်မိတ်ဆွေတွေကို သင့်ရဲ့Google+ မှာပါရှိတဲ့ Circles (Family, Work, Schools etc) တွေထဲ ထည့်တဲ့အခါ ဒါမှမဟုတ် သင့်အနေနဲ့ တစ်ခုခုကို အဲဒီ Circles တွေနဲ့ Share လုပ်လိုက်တဲ့အခါ၊ အဲဒီ Circles တွေထဲမှာ ပါတဲ့ နာမည်တွေကို ဖယ်ထားခဲ့လို့ မရပါဘူး။ သင် Share လုပ်လိုက်တဲ့ Circles တွေမှာ ပါနေတဲ့ သူတွေဟာ သူတို့နဲ့ အချင်းချင်း အပြန်အလှန် Share လုပ်ထားတဲ့ အခြားသူတွေကို မြင်နေရမှာ ဖြစ်ပါတယ်။ ဘယ်လို Share လုပ်နိုင်တယ် ဆိုတဲ့ နည်းလမ်းတွေနဲ့ မြင်စေချင်တဲ့ နည်းလမ်းများကို See who a post was shared with in the stream မှာ အသေးစိတ် ဖတ်နိုင်ပါတယ်။
သင့်ရဲ့ Circles များထဲမှာ ပါရှိသူတွေရဲ့ အမည်နဲ့ ရုပ်ပုံများနဲ့ သင့်အမည်ကို သူတို့ရဲ့ Circles များထဲမှာ ထည့်သွင်းထားတဲ့ လူတွေရဲ့ အမည်နဲ့ ရုပ်ပုံများကို သင့် Profile ရဲ့ ဘေးမှာ မြင်နေရပါလိမ့်မယ်။
အကြောင်း အမျိုးမျိုးကြောင့် တစ်စုံတစ်ယောက်ကို Block လုပ်ရတဲ့ အခါ တွေ ရှိပါလိမ့်မယ်။ အဲဒီလို Block လုပ်ချင်ရင်တော့ -
တစ်ယောက်ယောက်ကို Block လုပ်နိုင်တဲ့ နောက်ထပ် နည်းလမ်းတွေကတော့
တစ်ယောက်ယောက်ကို Block လုပ်လိုက်ရတဲ့ အခါမှာ မဖြစ်မနေ ကြုံတွေ့ရတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။
သင် လူတွေကို Block လုပ်လိုက်တဲ့အခါ Google plus ကတော့ အဲဒီသူတွေကို တမင် အသိပေးတာမျိုး လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလို Block လုပ်လိုက်တဲ့နောက်မှာ သူတို့နဲ့ သင်ကြားမှာရှိတဲ့ အပြန်အလှန် ဆက်သွယ်နိုင်မှုအချို့ ပျောက်ဆုံးသွားတဲ့ အတွက် အဲဒီသူတွေဟာ သူတို့ Block အလုပ်ခံထားရတယ် ဆိုတာကို သတိထားမိကြမှာ ဖြစ်ပါတယ်။
Google+ က သင်နဲ့ သိကျွမ်းလိမ့်မယ်လို့ ယူဆရတဲ့ အခြားသူများကိုဖော်ပြရင်း Suggestion လုပ်ပါလိမ့်မယ်။ အဲဒီ အကြံပြုချက်များကို Stream ရဲ့ ဘေးဘက်နဲ့ Find and Invite tab မှာ မြင်နိုင်ပါတယ်။ အကြံပြုချက်များကို အောက်ပါ အချက်များမှာ အခြေခံပြီး ထုတ်ပေးတာ ဖြစ်ပါတယ်။

Stream ထဲမှာ Google+ က အကြံပြုထားသူတွေကို သင့်ရဲ့ Circle တွေထဲကို ထည့်သွင်းချင်တယ်ဆိုရင် အဲဒီ နာမည်တွေဘေးမှာ ရှိနေတဲ့ Add to circlesကို နှိပ်ပြီး ထည့်နိုင်ပါတယ်။ တကယ်လို့ အကြုံပြုထားသူကို မသိခဲ့ရင်၊ ဒါမှမဟုတ် အဲဒီသူကို Circle တွေထဲမှာ မထည့်ချင်ဘူး ဆိုရင်တော့ အဲဒီသူရဲ့ နာမည်ပေါ်မှာ Mouse လေးတင်လိုက်ပြီး ပေါ်လာတဲ့ X ခလုတ်လေးကို နှိပ်ပြီး အဲဒီလူကို ဖယ်ထုတ်နိုင်ပါတယ်။
Google+ ကအကြုံပြုထားသူတွေ အားလုံးကို မြင်ချင်တယ် ဆိုရင်တော့ Show All ကို နှိပ်ရပါမယ်။ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ Circle တွေကို ပြင်ဆင်နိုင်တဲ့ Find and Invite tab ကို ရောက်သွားပါလိမ့်မယ်။
This Google+ Privacy Guide is translated for a quick reference in Myanmar Language. You are strongly encourage to read the original help by Google from the following link.
Add new comment