ဒီနေ့ Gmail က မိတ်ဆက်လိုက်တဲ့ အသုံး၀င်တဲ့ Widget အသစ် တစ်ခုက People Widget ဖြစ်ပါတယ်။ တစ်နေကုန် အလုပ်ထဲမှာ အီးမေးလ်တွေ အပြန်အလှန်ပို့ရင်း ဒီ Widget လေးကို တော်တော် သတိထားမိပါတယ်။ Gmail မှာ People Widget လေးက အလိုအလျောက် အလုပ်လုပ်နေပြီး၊ အသုံး၀င်တဲ့ Feature လေးတွေကို အခုလို တွေ့ရပါတယ်။
အခုခေတ်မှာ ကျွန်တော်တို့ အားလုံးရဲ့ အဓိက ဆက်သွယ်ရေး လမ်းကြောင်းဟာ အီးမေးလ် ဖြစ်နေပါပြီ။ ကျွန်တော်တို့နဲ့ အဆက်အသွယ် အများဆုံး လုပ်နေတဲ့ သူတွေဟာ အီးမေးသုံးနေတဲ့ သူတွေဖြစ်ပါတယ်။ Gmail ရဲ့ အီးမေးလ်စာသားတွေ ညာဘက်မှာ ဖော်ပြထားတဲ့ People Widget လေးက Gmail ကိုသုံးပြီး ကျွန်တော်တို့နဲ့ ဆက်သွယ်နေသူတွေရဲ့ အသုံး၀င်တဲ့ အချက်အလက် အချို့ကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။
People Widget လေးကို သုံးပြီး သက်ဆိုင်သူတစ်ဦးချင်းစီကို အလွယ်တကူ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အခြေခံ အသုံး၀င်တဲ့ အချက်အလက်လေးတွေကို ရှာဖို့အတွက်လည်း သုံးနိုင်ပါသေးတယ်။ ညာဘက်မှာ မြင်နေရတဲ့ အီးမေးလ်လိပ်စာ တစ်ခုခုကို နှိပ်လိ်ုက်တဲ့အခါ အောက်ပါမှာ ဖော်ပြထားတဲ့ အချက်တွေကို မြင်တွေ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီ့အပြင် အဲဒီ အီးမေးလ်ပိုင်ရှင်တွေကို အလွယ်တကူ အီးမေးလ်ပို့ခြင်း၊ အပြန်အလှန် ချက်ချင်းစကားပြောခြင်း (Chatting)၊ Phone ခေါ်ဆိုခြင်း၊ Contact Detail နဲ့ Setting များ ပြင်ဆင်ခြင်း စတာတွေကိုလည်း လုပ်နိုင်ပါသေးတယ်။ အောက်မှာ နမူနာ ပြထားတဲ့ ပုံတွေက တစ်ဦးချင်း အနေအထားမှာ မြင်ရတဲ့ ပုံဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ရဲ့ အီးမေးလ်တွေထဲမှာ လိပ်စာရှင်တွေ အများကြီး ပါလာတတ်ပါတယ်။ အပြန်အလှန် အီးမေးလ်တွေပို့ရင်း လိုအပ်ရင် လိုအပ်သလို ထပ်ထည့်ကြရတဲ့ အီးမေးလ်လိပ်စာတွေပါ။ အဲဒီလို အချိန်မှာ သက်ဆိုင်ရာ လိပ်စာရှင်တစ်ဦးချင်းစီရဲ့ အချက်အလက်တွေကိုလည်း အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ကြည့်နိ်ုင်ပါတယ်။ လိပ်စာရှင်တွေ အများကြီးပါတဲ့ အီးမေးလ် Thread တစ်ခုမှာ -
တွေကို မြင်ရမှာပါ။
ပြီးတော့ အဲဒီ အုပ်စုထဲက လူတွေနဲ့ အတူ
စတာတွေကို ဆက်လုပ်နိုင်ပါသေးတယ်။

တကယ်လို့ People Widget လေးကို မသုံးချင်ဘူးဆိုရင်လည်း အခုလို ပိတ်ထားနိုင်ပါတယ်။ Gmail စာမျက်နှာရဲ့ ညာဘက် အပေါ်ထောင့်က ဂီယာပုံလေးကို နှိပ်ပြီး Mail Settings ကို ရွေးပါ။ ပေါ်လာတဲ့ Settings ထဲက General tab ထဲက "Hide the people widget" ကို ရွေးပြီး၊ စာမျက်နှာရဲ့ အောက်ခြေမှာ ရှိတဲ့ Save Changes ကို နှိပ်ပါ။ ဒါဆိုရင် People Widget လေးကို ပိတ်ပြီးသား ဖြစ်ပါလိမ့်မယ်။
ကျွန်တော့်အတွက်တော့ ဒီ People Widget လေးက အတော်လေး အသုံးတည့်တာ တွေ့ရပါတယ်။ ပြီးတော့ မြင်နေကြ ကြော်ငြာတွေ အစား အခုလို အသုံး၀င်တဲ့ Widget လေးတစ်ခု ထပ်မံပါရှိလာတဲ့ အတွက် Gmail ရဲ့ ပိုကောင်းတဲ့ တိုးတက်ပြောင်းလဲမှု တစ်ခုလည်း ဖြစ်ပါတယ်။
Original Link and Image Credit - Google's Help - About the people widget
Add new comment