ကျွန်တော်တို့၏ Gmail တွင် အီးမေးလ် အသစ် ၁၀၀ ရောက်နေသည်ဆိုပါစို့။
လူတစ်ဦးချင်းစီတိုင်းတွင် ၄င်းတို့၏ အီးမေးလ်များကို အသုံးပြုသည့် နည်းလမ်းများ၊ စီမံခန့်ခွဲပုံများ - ကိုယ်စီ ရှိကြပြီး တစ်ဦးနှင့်တစ်ဦး ခြားနားကြသည်။
သို့သော် အချို့သောသူများက ၄င်းတို့၏ အီးမေးလ်များကို အခြားသူများထက် ပိုမိုထိရောက်ကောင်းမွန်စွာ စီမံခန့်ခွဲ၊ အသုံးပြုနိုင်ကြသည်။ တစ်နေ့တွင် အီးမေးလ်စောင်ရေ အနည်းငယ်မျှသာ ၀င်ရောက်နေစေကာမူ - ကျွန်တော်တို့၏ Inbox များတွင် ရောက်ရှိလာသည့် စာများကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်သည့် လွယ်ကူရိုးစင်းသော နည်းလမ်းများ၊ ပျော်ရွှင်စရာ နည်းလမ်းများ ရှိသည်။

အချိန်သည် တန်ဘိုးရှိသည့်အတွက် Gmail အသုံးပြုနည်းများကို စုစည်းပြီး Google မှ - "Gmail နင်ဂျာ တစ်ယောက် ဖြစ်အောင်" "Become a Gmail Ninja" ဟူသည့် အမည်ဖြင့် www.gmail.com/tips တွင် Gmail ကို လွယ်ကူ၊ လျင်မြန် ထိရောက်စွာ အသုံးပြုနိုင်သည့် နည်းလမ်းများကို နင်ဂျာတို့၏ ခါးပတ်အဆင့်များအတိုင်း - ခါးပတ်ဖြူ၊ ခါးပတ်စိမ်း၊ ခါးပတ်နက်၊ ပညာရှင် - စသည့် ပျော်ရွှင်စရာ အဆင့်များဖြင့် လေ့လာနိုင်စေရန် ဖန်တီးပေးထားသည်။
သင်သည်လည်း Gmail NInja တစ်ဦးဖြစ်ပြီး သင်၏ အဖိုးတန်နည်းလမ်းများကို အခြားသူများအား ေ၀မျှလိုပါက https://spreadsheets.google.com/viewform?formkey=cmIyZ08xLXhTeWQ2eWhFX3F... တွင် သွားရောက် ဝေမျှနိုင်သည်။
Ref: http://gmailblog.blogspot.com/2009/06/so-you-want-to-be-gmail-ninja.html
Download: http://www.google.com/mail/help/gmail_tips.pdf from Gmail Tips web site.
For more information about "What is a Ninja" - http://en.wikipedia.org/wiki/Ninja
Add new comment