Gmail ကိုသုံးနေတဲ့ သူတွေအနေနဲ့ Inbox ထဲကို နေ့စဉ် ရောက်လာတဲ့ အကြောင်းအရာမျိုးစုံကို ပိုပြီးထိရောက်စွာ စီမံခန့်ခွဲနိုင်တဲ့ နည်းလမ်းတစ်ခုကို Google က ထပ်မံ မိတ်ဆက်ပေးလိုက် ပါတယ်။ တကယ်တော့ Gmail မှာ Inbox ကို အသုံးချနိုင်တဲ့ နည်းတွေ အများကြီး ရှိနေပြီးသားပါ။ တချို့က ဝင်လာတဲ့ အီးမေးလ်အားလုံး (Everything) ကို ဖတ်ပါတယ်။ တချို့ကတော့ စာပြန်ဖို့ သို့မဟုတ် တစ်ခုခု ဆက်လုပ်ဖို့လိုတဲ့ အီးမေးလ်တွေကို ကြယ်လေးတွေနဲ့ မှတ်သားတတ်ကြပါတယ် (Marking with Stars)။ တချို့ကတော့ အရေးကြီးတဲ့ အကြောင်းအရာတွေကို ကျန်တဲ့ မေးလ်တွေနဲ့ အလိုအလျောက် ခွဲထုတ်ပေးတဲ့၊ မနှစ်ကတည်းက စပြီးသုံးလို့ရနေတဲ့ Priority Inbox ကိုသုံးပြီး အလုပ်လုပ်ကြပါတယ်။
ဒီနေ့ Google က ထပ်ပြီး Inbox Style အသစ်အချို့ကို ထပ်ပြီး မိတ်ဆက်ပေးပါတယ်။ စမ်းသုံးကြည့်တော့ အရင်ကတဲက အရမ်းလိုချင်နေတဲ့ Feature တွေဖြစ်နေတာ တွေ့ရပြီး လူတိုင်းအတွက် အတော်လေး အသုံးတည့်မှာ သေချာပါတယ်။ အဲဒီ Feature ကို Google က အခုလို နမူနာလေးနဲ့ Try on a new inbox ဆိုပြီး စမ်းသုံးနိုင်အောင် ပေးထားပါတယ်။ ကိုယ်သုံးချင်တဲ့ ပုံစံကို Inbox ရဲ့ အပေါ်မှာရှိတဲ့ Tab တွေကနေ ရွေးပေးလိုက်ရုံပါ။ လောလောဆယ်တော့ အစမ်းသုံးဖို့ ပေးထားတာဖြစ်လို့ ညာဘက်ထောင့်က ကြက်ခြေခတ်လေးကို မနှိပ်ပါနဲ့။

ပုံမှာ မြင်ရတဲ့အတိုင်း Classic, Priority Inbox, Important First, Unread First, Starred First ဆိုပြီး ရွေးချယ်စရာ အမျိုးမျိုး ပေးထားတာ မြင်ရပါလိမ့်မယ်။ တစ်ခုချင်းစီ အကြောင်းကို နည်းနည်းစီ လေ့လာရအောင်။

ဒီ Feature တွေကို အခုတစ်ပတ်လောက်ပဲ Tab တွေအနေနဲ့ ပြထားမှာ ဖြစ်ပါတယ်။ တစ်ပတ်နောက်ပိုင်းမှာ အလိုလို ပျောက်သွားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ Inbox Style ကို အောက်ပုံမှာ မြင်ရတဲ့အတိုင်း Inbox label ရဲ့ ညာဘက်က Dropdown list မှာဖြစ်စေ၊ သို့မဟုတ် မိမိတို့ရဲ့ Gmail Settings ထဲမှာ ဖြစ်စေ အချိန်မရွေး ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

အခုလို Menu tab ပုံစံကနေ Dropdown list ပုံစံကိုပြောင်းပြီး ဆက်သုံးသွားရမှာဆိုတော့ နောင်တစ်ချိန်မှာ နောက်ထပ် Feature အသစ်တွေ ထပ်ပြီးတိုးလာနိုင်စရာ ရှိတယ်လို့ မျှော်လင့်ရပါတယ်။
Reference and Images Credit - New! Pick your favorite inbox style from Official Gmail Blog
Add new comment