Gmail Beta End - But Can Go back to Beta if you want

စာရိုက် စကားပြောစနစ် Text Chat, အသံဖြင့် တိုက်ရိုက်စကားပြော စနစ် (Voice Chat), Anti-spam နည်းပညာ၊ ဘာသာစကားပေါင်း ၅၃ ခုဖြင့် အသုံးပြုနိုင်စွမ်း (Expanded to 53 languages) ၊ မိုဘိုင်း (Mobile) ဖုန်းဖြင့် အသုံးပြုနိုင်အောင် ဖန်တီးပေးခြင်း (http://mobile.google.com/)၊ အုပ်စုလိုက် စကားပြောနိုင် သည့်စနစ် (Group chat)၊ ခရီးသွားနေစဉ် အလိုအလျောက် အကြောင်းပြန်ပေးသည့်စနစ် (Vacation autoresponder)၊ Gmail ၏ စမ်းသပ်ဆဲ စနစ်သစ်များ (Gmail Labs) ကို သုံးစွဲသူများနှင့် မိိတ်ဆက်ပေးခြင်း၊ အခြားသော စမ်းသပ်ဆဲ နည်းစနစ် 48 ခု၊ ဗီဒီယိုသုံးစကားပြောစနစ် (Video Chat)၊  (POP, auto-forwarding, IMAP, နှင့် Contacts Data API) စသည့် Open protocol များနှင့် API များကို အသုံးပြုနိုင်စေရန် ပြုလုပ်ပေးခြင်း၊ အခြားသော အီးမေးလ်များမှ အီးမေးလ်များကို တစ်နေရာတည်းမှ ရယူနိုင်စေခြင်း၊ ပယ်ဖျက်နိုင်သည့် ခလုတ် (Delete button) ထည့်သွင်းပေးခြင်း၊ အသုံးပြုထားသော Javascript စနစ်တစ်ခုလုံးကို ပြန်လည်တည်ဆောက်ခြင်း၊ Google အပါအ၀င် ကုမ္ပဏီကြီး/ငယ်များ၊ တက္ကသိုလ်များနှင့် အခြားသော အဖွဲ့အစည်းကြီးများစွာတို့တွင် Gmail ကို အသုံးပြုနိုင်စေမည့် နည်းစနစ်များ (Key Functionality) များကို ဖန်တီးပေးခြင်း - စသည့် အင်္ဂါရပ်ပေါင်းများစွာကို ထည့်သွင်းတည်ဆောက်ထားသည့် - ငါးနှစ်ကြာ သက်တမ်းရှိခဲ့သော Gmail ၏ Beta Version မှာ ယနေ့နံနက်မှစ၍ ပြီးဆုံးသွားပြီ ဖြစ်သည်။

Gmail သာမက Google ၏ အသုံးချဆော့ဖ်ဝဲများ Google Apps - Gmail, Calendar, Docs, နှင့် Talk တို့၏ Beta Version များလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ သို့သော်လည်း မီးခိုးရောင် Gmail Beta "BETA" sign လေးနှင့် ငါးနှစ်ကြာ ယဉ်ပါးခဲ့ပြီးဖြစ်သည့် အသုံးပြုသူများအနေဖြင့်၊ ယခင်မြင်နေကြအတိုင်း ပြန်လည် မြင်တွေ့လိုပါက  Settings -> Labs အတွင်းမှ "Back to Beta" ကို ရွေးပြီး ယခင်မြင်နေကြအတိုင်း ဆက်လက် အသုံးပြုနိုင်သည်။

Gmail beta is end, but can go back if you want

Source: http://gmailblog.blogspot.com/2009/07/gmail-leaves-beta-launches-back-to-beta.html

Add new comment

Similar Articles

Featured Articles