တခါတရံတွင် ကျွန်တော်တို့၏ လုပ်ငန်းဆောင်ရွက်ရန် အစီအစဉ်များ (Task Lists) ကို -
သာမန်အားဖြင့် ဤသို့ပေးပို့ခြင်းကို စာရွက်ဖြင့် ဆောင်ရွက်နေကြပြီး ဖြစ်သော်လည်း ယခုအခါ Gmail ၏ စမ်းသပ်ခန်းများ (Gmail Labs) အတွင်းမှ အောင်မြင်စွာ ထွက်ပေါ်လာသည့် ရလာဒ်တစ်ခုအဖြစ် အီးမေးလ်မှ ပေးပို့နိုင်ပြီ (emailing a task list) ဖြစ်သည်။
Gmail ၏ အခြားသော Tasks features များကဲ့သို့ပင် "Email task list" ကို Task ၏ Actions menu ထဲတွင် တွေ့ရှိနိုင်သည်။
၄င်း "Email task list" ကို နှိပ်လိုက်သည့်အခါ နောက်ထပ် Compose ၀င်းဒိုးတစ်ခု ထပ်ပေါ်လာပြီး - လတ်တလော ရှိနေသည့် လုပ်ငန်းစာရင်း (Task Lists) ကို ပြင်ဆင်တည်းဖြတ်နိုင်မည် ဖြစ်သည်။ ၄င်း၀င်းဒိုးသည် Task List ၏ (my order, sort by date, completed စသည့် ) မြင်ကွင်းများအားလုံး တွင် အလုပ်လုပ်နိုင်သည်။
ဥပမာ - လုပ်ငန်းပြီးစီးမှု အခြေအနေများကို တစ်စုံတစ်ယောက်ထံ ပေးပို့လိုပါက Actions menu အတွင်းမှ "View completed tasks" ကို ရွေးချယ်ပြီး "Email task list" ကို ထပ်နှိပ်လိုက်သည်နှင့် ဆောင်ရွက်ပြီးသမျှ အလုပ်စာရင်းကို Compose ၀င်းဒိုးထဲတွင် အလိုအလျောက် ရောက်ရှိသွားသည်ကို မြင်ရမည် ဖြစ်သည်။
အကယ်၍ လုပ်ငန်းစာရင်းကို စာရွက်ဖြင့်ထုတ်ယူလိုပါက Actions menu အတွင်းမှ "Print Task List" ကို ထပ်မံရွေးချယ်နိုင်သည်။
ရည်ညွှန်း - http://gmailblog.blogspot.com/2009/08/email-task-list.html
Add new comment