Easy unsubscribing Newsletter in Gmail - Gmail တွင် သတင်းလွှာများကို အလွယ်တကူ ပြန်လည် ဖယ်ရှားခြင်း

Gmail မှ အင်ဂျင်နီယာများ၏ အစွမ်းဖြင့် - ကျွန်တော်တို့ - လိုချင်သည့် အီးမေးလ်များကိုသာ လက်ခံပြီး - မလိုချင်သည့် အီးမေးလ်များကို ရောက်ရှိမလာစေရန် တတ်နိုင်သမျှ ဆောင်ရွက်ထားနိုင်သည်။ ကျွန်တော်တို့ မလိုချင်သည့် အီးမေးလ်များကို နောက်ထပ်တစ်ကြိမ် - Inbox အတွင်းသို့ ၀င်ရောက်မလာစေလိုပါက "Report Spam" ခလုတ်ကို အသုံးပြုနိုင်သည်။ Gmail အသုံးပြုသူများ၏ ဤသို့ ပူးပေါင်းဆောင်ရွက်မှုသည် Gmail စနစ်တစ်ခုလုံး၏ Spam ကာကွယ်ရေးစနစ်ကို ပိုမိုတိုးတက်လာစေရန် များစွာ အထောက်အကူ ဖြစ်စေလေသည်။

ယခုအခါ ကျွန်တော်တို့ - စာရင်းပေးထားသည့် Mailing List များနှင့် Newsletter များကို - စာရင်းမှ ပြန်ဖျက်သည့်အလုပ် (Unsubscribing) - ကို အလွယ်တကူ လုပ်နိုင်ပြီ ဖြစ်သည်။ ရောက်ရှိနေသည့် စာတစ်စောင်ခြင်းစီမှ သေးငယ်သော - Unsubscribe links များကို ရှာဖွေရခြင်းသည် - အနည်းငယ်မျှ အချိန်ကုန်စေသည့်အတွက် - Click တစ်ချက် နှိပ်ကာမျှဖြင့် မလိုချင်သည့် - Mailing List နှင့် Newsletter များကို - စာရင်းမှ ပြန်ဖျက်နိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် Gmail သုံးသူများရော - Mailing List များနှင့် Newsletter အီးမေးလ်ပို့သူများအတွက်ပါ နှစ်ဦးနှစ်ဖက် ပိုမို အဆင်ပြေလာစေသည်။

Gmail အသုံးပြုသူများအနေဖြင့် - စာရင်းသွင်းထားသည့် Mailing List သို့မဟုတ် Newsletter တစ်ခုခုကို - Report Spam - လုပ်လိုက်သည့်အခါ - အောက်တွင် ဖော်ပြထားသည့် သတင်းပေးချက်မျိုးကို မြင်ရမည် - Easy unscribing Newsletter and Mailing List by Gmail

"Unsubscribe" ကို နှိပ်လိုက်သည့်အခါ - ပေးပို့သူထံသို့ - အီးမေးလ်များ လက်မခံလိုတော့ကြောင်း၊ စာရင်းသွင်းထားခြင်းမှ ပြန်လည် ပယ်ဖျက်လိုကြောင်း - တောင်းဆိုမှု တစ်ခုကို အလိုအလျောက် - ပြန်လည်ပေးပို့သည့်အတွက် - ပေးပို့သူမျာအနေဖြင့် နောင်တွင် ဆက်လက်ပေးပို့တော့မည် မဟုတ်ပေ။

လတ်တလော အခြေအနေတွင်  ဤစနစ်မှာ - Mailing List များနှင့် Newsletter အီးမေးလ်ပို့သူ - အချို့အတွက်သာ အလုပ်လုပ်ပေးနိုင်သေးသည်။ Gmail အသုံးပြုသူများသည် - စာရင်းသွင်းထားသည့် Mailing List များနှင့် Newsletter များကိုသာ ဤနည်းဖြင့် အလွယ်တကူ - စာရင်းဖျက်နိုင်မည် ဖြစ်ပြီး - Spam အီးမေးလ်ပို့သူများထံမှ ရောက်လာသည့် အီးမေးလ်များအတွက် - ဤစနစ်ကို ထည့်သွင်းထားခြင်း မရှိသေးပေ။ Gmail မှ ပညာရှင်များအနေဖြင့် Spam မေးလ်ပေးပို့သူများကို ယုံကြည်ခြင်း မရှိသည့်အပြင် - ၄င်း Spam မေးလ်များကို ဆက်လက် ပေးမပို့ရန် အကြောင်းကြားခြင်းသည် - ကျွန်တော်တို့၏ အီးမေးလ်လိပ်စာ - အလုပ်လုပ်နေကြောင်း၊ ၄င်းတို့ ပေးပို့သည့် Spam မေးလ်များကို ကျွန်တော်တို့ ဖွင့်ကြည့်နေကြောင်း - ဖွင့်ဟ အသိပေးလိုက်ရာ ရောက်သည့်အတွက် ဖြစ်သည်။ ကျွန်တော်တို့ စာရင်းမသွင်းထားဘဲ ရောက်လာသည့် - Spam မေးလ်များ၊ Spam Newsletter များရှိ - Unsubscribe ကို သွားနှိပ်ခြင်းသည် - ၄င်းမေးလ်များကို လျော့မသွားစေပဲ - ပိုမိုများပြားစွာ ရောက်ရှိလာအောင် လုပ်သလို ဖြစ်နေသည့်အတွက် - ထိုသို့သော မေးလ်များကို ဖွင့်မကြည့်ဘဲ ဖျက်ဆီးလိုက်ခြင်းက အကောင်းဆုံး ဖြစ်သည်။

ထိုအကြောင်းများကြောင့် - Spam မေးလ် ပေးပို့သူ မဟုတ်ကြောင်း သေချာသည့်၊ လက်ခံသူများမှ စာရင်းဖျက်ပေးရန် တောင်းဆိုမှုကို တကယ်လိုက်နာပြီး - နောင်တွင် ထပ်မံမပေးပို့ရန် သေချာသည့် - အီးမေးလ်ပေးပို့သူများ - ထံမှ ရောက်လာသည့် အီးမေးလ်များတွင်သာ Unsubscribe option ကို တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် အစပိုင်းတွင် မည်သည့် အီးမေးလ်ပို့သူများကို ယုံကြည်နိုင်ကြောင်း - လေ့လာ အကောင်အထည်ဖော်နေခြင်း ဖြစ်ပြီး၊ နောက်ပိုင်းတွင် ယုံကြည်စွာ Unsubscribe လုပ်နိုင်သည့် အီးမေးလ်ပို့သူ အရေအတွက် များလာမည် ဖြစ်သည်။

အကယ်၍ အီးမေးလ်တစ်စောင်ကို Spam အဖြစ်စာရင်းမသွင်းဘဲ တစ်ခါတည်း စာရင်းဖျက် (Unsubscribe) လုပ်လိုပါက၊ ရောက်လာသည့် အီးမေးလ်၏ - ညာဘက် အပေါ်ထောင့်ရှိ "show details" ကို နှိပ်ပြီး၊ "Unsubscribe from this sender" ကို နှိပ်နိုင်သည်။

ဤစနစ်ကိုစိတ်၀င်စားသည့် အီးမေးလ်ပို့သူများအနေဖြင့်၊ ပြုလုပ်ရမည့် အခြေခံအကျဆုံးလိုအပ်ချက်များမှာ - ပေးပို့သည့် မေးလ်များ၏ "mailto" URL တွင် စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့်  "List-Unsubscribe" တစ်ခုကို ထည့်သွင်းပေးထားရန် ဖြစ်သည်။ ဤနည်းအားဖြင့် လက်ခံသူများမှ - ဆက်လက် မပေးပို့ရန် တောင်းဆိုမှုများကို အသိအမှတ်ပြုရာလည်း ရောက်ပေသည်။ ထို့ပြင် - မလိုအပ်သည့် အီးမေးလ်များကို ပေးပို့ခြင်း မရှိစေရန် - အီးမေးလ်ပေးပို့ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ - ကိုလည်း အတိအကျ လိုက်နာဆောင်ရွက်သင့်ပေသည်။

မလိုအပ်သည့် အီးမေးလ်တစ်စောင်ကို အလွယ်တကူ - စာရင်းပယ်ဖျက်ခြင်း (Unsubscribe) ပြုလုပ်နိုင်ခြင်းသည် - ပေးပို့သူ၊ လက်ခံသူများ အားလုံးကို အဆင်ပြေစေသည်။ ကျွန်တော်တို့၏ - Spam Folder များလည်း ပိုမိုသေးငယ်လာမည် ဖြစ်ပြီး၊ အီးမေးလ်ပို့သူများ အနေဖြင့်လည်း လက်ခံသူများ မလိုချင်သည့် အီးမေးလ်များကို အချိန်ကုန်ခံ၊ အပင်ပန်းခံ ပေးပို့နေရခြင်းမှ သက်သာရာရမည် ဖြစ်သည်။

For further reading - ဆက်လက်လေ့လာနိုင်ရန်
Email Spam - http://en.wikipedia.org/wiki/E-mail_spam
Mailing List    - http://en.wikipedia.org/wiki/Mailing_list
Newsletter    - http://en.wikipedia.org/wiki/Newsletter
Bulk sending guidelines by Gmail - အီးမေးလ်ပေးပို့ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ - http://mail.google.com/support/bin/answer.py?hl=en&answer=81126

Source: http://gmailblog.blogspot.com/2009/07/unsubscribing-made-easy.html

Add new comment

Featured Articles