Submitted by mmshare on Sat, 04/24/2010 - 00:07
Gmail နှင့်အတူ ဖိုင်များ ပူးတွဲပေးပို့ (Attachment) သည့်အခါ Mozilla Firefox 3.6 နှင့် Google Chrome အသုံးပြုသူများ ဖြစ်ပါက၊ ယခင်သုံးနေကျ "Attach a file" နည်းလမ်းအပြင်၊ ဖိဆွဲပြီး လွှတ်ချ (Drag and Drop) သည့် အမြန်နည်းလမ်းကို သုံးနိုင်ပြီ ဖြစ်သည်။
အောက်ပါ ရှင်းလင်းချက်များ၊ နမူနာ သရုပ်ဖော်ပုံများနှင့် ဗီဒီယိုကို ကြည့်ပါ။
Firefox 3.6 သို့မဟုတ် Google Chrome ကိုသုံးပြီး Gmail သို့ Sign In ပါ။
- ပေးပို့လိုသည့် ဖိုင်များရှိသော Folder ကိုဖွင့်ထားပါ။ ပုံ (၁)
- ဖိုင်များကို ရွေးပါ။ တစ်ခုထက် ပိုများပါက Ctrl+Click ဖြင့် ရွေးပါ။
- (Firefox သို့ Google Chrome ဖြင့်) ဖွင့်ထားသည့် Gmail အတွင်းသို့ ဖိုင်များကို Mouse ဖြင့် ဆွဲထည့် (Drag) ပါ။
- Gmail window အတွင်း Drop Files Here, To add them as attachments ဟု ပေါ်လာမည်။ ပုံ (၂)
ထိုနေရာတွင် Mouse ကို လက်လွှတ် (Drop) လိုက်ပါ။
- Gmail က သင်လွှတ်ချလိုက်သည့် ဖိုင်များကို ဆွဲယူနေသည်ကို စတင်မြင်တွေ့ရမည်။ အားလုံးပြီးသွားပါက ကျွန်တော်တို့ ပေးပို့လိုသည့် ဖိုင်များကို ပေးပို့ရန် အဆင်သင့် ဖြစ်နေသည်ကို မြင်တွေ့ရမည်။ ပုံ (၃)
- မှတ်ချက် - တခြားနေရာများတွင် Drop လုပ်ပါက နေရာလွဲသွားသည့်အတွက် မည်သည့်လှုပ်ရှားမှုကိုမျှ မြင်ရမည် မဟုတ်ပါ။
- ကျန်ရှိနေသည့် အခြားသော အင်တာနက်ကြည့် ဆော့ဖ်ဝဲများတွင် လောလောဆယ် မရသေးပါ။ သို့သော် ထိုဆော့ဖ်ဝဲများကို ထုတ်လုပ်သူများဘက်မှ အဆင်သင့်ဖန်တီးပေးသည်နှင့် ဤနည်းလမ်းကို သုံးနိုင်မည် ဖြစ်ကြောင်း Gmail Team က ပြောကြားထားသည်။

ပုံ (၁) - ပေးပို့လိုသည့် ဖိုင်များနှင့် Gmail ကို ဖွင့်ထားစဉ်

ပုံ (၂) - ပေးပို့မည့် ဖိုင်များကို ဆွဲယူ လွှတ်ချ (Drag & Drop) နေစဉ်

ပုံ (၃) - ယခုအခါ Gmail မှ ကျွန်တော်တို့ ပေးပို့လိုသည့် ဖိုင်များကို ပေးပို့ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
ပိုမိုရှင်းလင်းစွာ မြင်တွေ့လိုပါက အောက်ပါ ဗီဒီယိုတွင် လေ့လာကြည့်ပါ။
Resources and more information -
- Download latest version of Mozilla Firefox
- Download latest version of Google Chrome
- Click Gmail Tips & Tricks to know more about Gmail and other Tips and Tricks from mmshare.org
Reference - Drag and drop attachments onto messages
Add new comment