ကျွန်တော်တို့သည် မည်သို့သော စကားဝှက်များကို အသုံးပြုနေကြပါသနည်း။ ကျွန်တော်တို့၏ စကားဝှက်များမှာ - လွယ်ကူသလား ခက်ခဲသလား။ “ အဆင့်မြင့်သော စကားဝှက် ” (Smart Password) များကို အသုံးပြုနေပါသလား။ ကျွန်တော်တို့ ကိုင်တွယ် အသုံးပြုနေသော ကွန်ပျူတာ အင်တာနက် ဝက်ဘ်ဆိုက်နှင့် အခြားသော တကိုယ်ရေ အချက်အလက်များ အားလုံးကို ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်ရန် အတွက် မည်သို့သော စကားဝှက်များကို အသုံးပြု နေကြပါသနည်း။
အင်တာနက် တစ်နေရာရှိ ကျွန်တော်တို့ မသိသော၊ အဆင့်မြင့် ကွန်ပျူတာ နည်းပညာများကို တတ်မြောက် ကျွမ်းကျင်သော၊ အခြားသော မသိနားမလည်သည့် အင်တာနက် အသုံးပြုသူများကို လှည့်စားပြီး ၄င်းတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချတတ်သော - အင်တာနက်လူဆိုးများ ကို “ဟက်ကာ” (Hacker) များဟု ကျွန်တော်တို့ သိကြသည်။ ၄င်း အင်တာနက်လူဆိုးများ အများဆုံး အသုံးပြုတတ်သည့် နည်းပညာမှာ Phishing ဟု အမည်ပေးထားသည့် ဖြားယောင်းသွေးဆောင် ကျုံးသွင်းသည့် နည်းပညာတစ်ခု ဖြစ်သည်။ Phishing ကို အင်တာနက်ရှိ မြန်မာ ဘလော့ခ် တစ်ခုတွင် အောက်ပါအတိုင်း ကျွန်တော် တစ်ချိန်က ဖွင့်ဆိုထား ခဲ့ဖူးပါသည်။
Phishing - အီးမေးလ်ကို အသုံးပြုပြီး အင်တာနက်သုံးသူ တစ်ဦးကို အင်တာနက်နေရာ ( Web site) အတု တစ်ခုသို့ ရောက်လာအောင် ဖန်တီးကာ credit card, social security, bank စာရင်းအမှတ် စသည့် အရေးကြီးသော အချက်အလက်များကို လှည့်ဖျားရယူသည့် အင်တာနက် ရာဇဝတ်မှု တစ်မျိုး။
အင်တာနက် လူဆိုးများသည် Phishing နည်း အမျိုးမျိုးကို အသုံးပြုကာ မသိနားမလည်သူများကို လှည့်စားပြီး စကားဝှက်များကို အရယူလေ့ ရှိတတ်ကြလေသည်။ ကျွန်တော်တို့သည် မိမိကိုယ်ကို အလှည့်စားခံနေရပြီဟု သံသယရှိလာသည်နှင့် အောက်ပါ အချက်များကို အရေးတကြီး ဆောင်ရွက်သင့်ပါသည်။
Gmail ကို အသုံးပြုနေပါက သံသယ ဖြစ်ဖွယ် အီးမေးလ်များတွင် Gmail က အလိုအလျောက် ထည့်သွင်းပေးလေ့ ရှိသည့် Phishing Warning များကို သတိထား စောင့်ကြည့်သင့်သည်။
အင်တာနက်ပေါ်တွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာသည်နှင့် အများဆုံးနှင့် ပထမဆုံး အကြံပြုလေ့ရှိသည့် နည်းလမ်းမှာ “စကားဝှက် အသစ်ပြောင်းလဲရန်” ဖြစ်လေသည်။ မည်မျှကောင်းမွန်သည့် စကားဝှက်ပင် ဖြစ်ပါစေ ကျွန်တော်တို့ အပေါ် ကျရောက် လာနိုင်သည့် လှည့်စားမှု (Scammed) များကိုတော့ အကာအကွယ် မပေးနိုင်ပေ။ သို့သော်လည်း
အောက်တွင်ဖော်ပြထားသည့် အကြောင်းအရာများသည် Gmail ရှိ လုံခြုံရေးပညာရှင်များ အများဆုံး တွေ့ရှိခဲ့သည့် ပြဿနာအချို့နှင့် စကားဝှက်များကို ပိုမို အားကောင်းလာစေရန် ပြုလုပ်နိုင်မည့် အကြံပြုချက်များ ဖြစ်သည်။
ပြဿနာ (၁) - စကားဝှက်များကို ဝက်ဘ်ဆိုက်များတွင် အဖန်ဖန် ပြန်လည် အသုံးပြုခြင်း Re-using passwords across websites
အင်တာနက်တွင် အီးမေးလ်၊ အွန်လိုင်း ဘဏ်စနစ် (Online Banking) ၊ လူမှုရေးရာ ကွန်ရက် (Social Networking) နှင့် ဈေးရောင်း ဈေးဝယ် ပြုလုပ်ခြင်း (Online Shopping) စသည့် အွန်လိုင်း ဝန်ဆောင်မှု အမျိုးမျိုး ထွက်ပေါ်လာသည်နှင့်အမျှ၊ ၄င်းဆိုက်များ အတွက် စကားဝှက်တစ်ခုစီကိုလည်း မဖြစ်မနေ အသုံးပြုရန် လိုအပ်လာသည်။ ထို့ကြောင့် အချို့သောသူများ အနေဖြင့် ဝက်ဘ်ဆိုက် အမျိုးမျိုးအတွက် ဖန်တီးထားသော Account အမျိုးမျိုးတွင် - တစ်ခုတည်းသော စကားဝှက်ကိုပင် အဖန်ဖန် ပြန်လည် အသုံးပြု လာတတ်ကြခြင်းမှာ မထူးဆန်းသလို ဖြစ်လာသည်။ တကယ်တော့ အလွန် အန္တရာယ်များသော လုပ်ဆောင်ချက် ဖြစ်သည်။
အကယ်၍ တစုံတစ်ယောက်က ဝက်ဘ်ဆိုက်တစ်ခုတွင် ကျွန်တော်တို့ အသုံးပြုထားသည့် စကားဝှက် တစ်ခုကို သိရှိသွားပါက ထိုသူအနေဖြင့် ကျွန်တော်တို့၏ အီးမေးလ်၊
လိပ်စာနှင့် အခြား အချက်အလက်များ အပါအဝင် ငွေကြေးဆိုင်ရာ အကြောင်းအရာများ ကိုပင် ရရှိသွားနိုင်သည့် အလားအလာ ရှိနိုင်သည်။
အဖြေ (၁) - စကားဝှက် တစ်ခုချင်းစီကို အသုံးပြုခြင်း Use unique passwords
ကျွန်တော်တို့၏ Account များအတွက် - အထူးသဖြင့် အီးမေးလ်နှင့် အွန်လိုင်း ဘဏ်စနစ် တို့ကဲ့သို့ အရေးကြီးသော Account များအတွက် - သီးခြား စကားဝှက် တစ်ခုစီကို ထားရှိ အသုံးပြုခြင်းသည် အလေ့အကျင့်ကောင်း တစ်ခု ဖြစ်သည်။ ဝက်ဘ်ဆိုက် တစ်ခုတွင် အသုံးပြုမည့် စကားဝှက်တစ်ခုကို ဖန်တီးသည့် အခါတွင် -
ပြဿနာ (၂) - အဘိဓါန်တွင် ပါရှိသော စကားလုံးများ သို့မဟုတ် အသုံးများသော စကားဝှက်များကို သုံးခြင်း Using common passwords or words found in the dictionary
အများသုံး စကားလုံးများတွင် -
အဖြေ (၂) - အက္ခရာများ၊ ကိန်းဂဏန်းများနှင့် သငေ်္ကတများ ပါရှိသည့် စကားဝှက်ကို အသုံးပြုခြင်း Use a password with a mix of letters, numbers, and symbols
အက္ခရာအသေးပေါင်း ရှစ်လုံးမျှသာ ပါရှိသည့် စကားဝှက်တစ်ခုကို ဖော်ထုတ်နိုင်ရန်အတွက် အသုံးပြုရသည့် ပတ်လည်အတွဲစဉ် တွက်ချက်မှု (permutations) (ဥပမာ - x, y, z ၏ ပတ်လည်အတွဲစဉ် xyz, xzy, yxz, yzx, zxy, zyx ) မှာ 26^8 = 208 827 064 576 ကြိမ်သာ ရှိသည်။ စွမ်းဆောင်ရည် အလွန်မြင့်သော တကိုယ်ရေသုံး ကွန်ပျူတာ တစ်လုံး အတွက် ဤပမာဏမှာ မပြောပလောက်ပေ။ အချိန်တိုအတွင်း အဖြေထွက်နိုင်သည်သာ ဖြစ်သည်။ သို့သော် အက္ခရာ အကြီးအသေးများ၊ ကိန်းဂဏန်းများနှင့် သငေ်္ကတများကို ရောနှောထားသည့် တန်ဘိုး ရှစ်လုံးပါ စကားဝှက် (ဥပမာ - M7p@sS3r) တစ်ခုကို အဖြေထုတ်ရန် အတွက် တွက်ချက်ရသည့် အကြိမ်ပေါင်းမှာ 94^8 = 6.09568939 × 10⊃15) ရှိသည်။ တနည်းအားဖြင့် သာမန်ရိုးရိုး စကားဝှက်တစ်ခုထက် အဆပေါင်း 6 quadrillion (1,000,000,000,000,000 (one thousand million million)) မျှ တွက်ချက်မှု ပြုလုပ် ခန့်မှန်း ရသည့်အတွက် ပိုမို လုံခြုံစိတ်ချရပေသည်။ အခြားသူ တစ်ဦးအနေဖြင့် အလွယ်တကူ ခန့်မှန်းရန် ခက်ခဲသွားပေသည်။
ပြဿနာ (၃) - ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စကားဝှက်များတွင် ထည့်သုံးခြင်း (Using passwords based on personal data)
အဖြေ (၃) - အခြားသူများ ခန့်မှန်းရန်ခက်ခဲသော စကားဝှက်တစ်ခုကို ဖန်တီး အသုံးပြုပါ။ Create a password that's hard for others to guess
ပြဿနာ (၄) - စကားဝှက်များကို ရေးမှတ်ထားပြီး၊ မလုံခြုံသည့် နေရာများတွင် သိမ်းဆည်းခြင်း Writing down the password and storing it in an unsecured place
အချို့သူများတွင် အွန်လိုင်း Account များစွာ ရှိကြသည့်အတွက် ရေးမှတ်ထားရမည့် အခြေအနေများ ကြုံရတတ်သည်။ တခါတရံတွင် မှတ်မိသည့် အချိန်တိုင်အောင် ရေးမှတ်ထားလေ့ ရှိတတ်ကြသည်။
အဖြေ (၄) - စကားဝှက်စာရင်းများကို အလွယ်တကူ မမြင်နိုင်သော လုံခြုံသည့် နေရာတွင် ထားခြင်း Keep the password reminders in a secret place that isn't easily visible
ပြဿနာ (၅) - စကားဝှက်ကို ပြန်ခေါ်ခြင်း Recalling your password
အဖြေ (၅) - စကားဝှက် ပြန်ဖော်သည့်နည်းလမ်းများကို နောက်ဆုံးအခြေအနေဖြင့် ကိုက်ညီအောင် ဆောင်ရွက်ခြင်းနှင့် လုံခြုံအောင် ထားရှိခြင်း Make sure your password recovery options are up-to-date and secure
ကျွန်တော်တို့တွင် ရှိသော အင်တာနက် Account များအားလုံးတွင် အသုံးပြုထားသော အီးမေးလ်များကို အမြဲတမ်း မှန်နေအောင် ထိန်းသိမ်းထားဖို့ လိုသည်။ သို့မှသာ စကားဝှက်ပြန်ဖော်သည့် အီးမေးလ် (Password reset email) များကို မှန်ကန်စွာ လက်ခံ ရရှိနိုင်မည် ဖြစ်သည်။
တခါတရံတွင် မေးခွန်းကို ရွေးပေးရသည့် အခါမျိုး ကြုံရတတ်သည်။ ဥပမာ - မွေးဖွားရာမြို့။ ထိုသို့သော အမည်များသည် လုံခြုံစိတ်ချရမှု အားနည်းပြီး အဖြေများကိုလည်း ခန့်မှန်းရန် လွယ်ကူတတ်သည်။ ထိုမေးခွန်းများအတွက် အဖြေများကို ဖန်တီးထည့်သွင်းသည့် အခါတွင် အထက်တွင် ဖော်ပြခဲ့သည့် နည်းလမ်းများကို အသုံးပြုနိုင်သည်။ သို့မဟုတ် ဥပမာ - အဖြေစာလုံး၏ ဒုတိယ အလုံးနောက်တွင် အမှတ်အသား တစ်ခုခုကို ထည့်သွင်းခြင်း စသည်အားဖြင့် နည်းတစ်ခုကို ကိုယ်ပိုင် ဖန်တီးထားနိုင်သည်။ ဥပမာ - my@anmar။ ဤနည်းအားဖြင့် တစုံတစ်ယောက်က အဖြေကို ခန့်မှန်းနိုင်သည့်တိုင်အောင်၊ မှန်ကန်အောင် ရေးသားရန် ခက်ခဲမည် ဖြစ်သည်။
ရည်ညွှန်း - http://gmailblog.blogspot.com/2009/10/choosing-smart-password.html
အင်တာနက် လုံခြုံရေး၊ တကိုယ်ရေ လုံခြုံရေး အပါအဝင် စကားဝှက်များနဲ့ ပတ်သက်ပြီး ကျွန်တော်စုဆောင်းလေ့လာထားတဲ့ အခြားနေရာများ
Add new comment