Drupal ကို အခုမှ စလေ့လာတဲ့ သူတွေအတွက် Localhost မှာ Install လုပ်ပြီးသွားတဲ့ အချိန် - ပထမဆုံး တွေ့ရတဲ့ ပြဿနာက “ဘာဆက်လုပ် ရမလဲ” ဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။ WordPress လို Blog Engine အတွက်ဆိုရင်လည်း Install လုပ်ပြီးတာနဲ့ Blog ရေးဖို့ အဆင်သင့် ဖြစ်နေသလို၊ Joomla လို CMS မှာဆိုရင်လည်း Install လုပ်တဲ့အချိန်မှာ Sample Data တွေ ကိုပါ Install လုပ်နိုင်တဲ့အတွက် အားလုံးပြီးတဲ့အချိန်မှာ အဆင်သင့်လုပ်ပေးထားတဲ့ ဆိုက်ကို အလွယ်တကူ လေ့လာပြီး ခရီးဆက်လို့ ရပါပြီ။ ဒါဆိုရင် Drupal အတွက်ရော အဲဒီလို ရွေးချယ်စရာ နည်းလမ်းတွေများ ရှိနေမလား လေ့လာကြည့်ရအောင်။
Website တွေဟာ တစ်ခုနဲ့တစ်ခု လုပ်ဆောင်မှုတွေ မတူညီကြပါဘူး။ ၀က်ဘ်ဆိုက်တွေမှာ တူညီတဲ့ အင်္ဂါရပ်တွေ ရှိသလို မတူညီတဲ့ လုပ်ဆောင်ချက်တွေလည်း ရှိပါတယ်။ ဆိုက်ရဲ့ ရည်ရွယ်ချက်ကို မူတည်ပြီး လုပ်ဆောင်ချက်တွေ ကွဲပြားသွားတာ ဖြစ်ပါတယ်။ ဥပမာ - စားသောက်ဆိုင် တစ်ခုအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ Restaurant website တစ်ခုနဲ့ မော်တော်ကား ခရီးစဉ် လက်မှတ်တွေ ရောင်းတဲ့ဆိုက် - Travel Booking Website တစ်ခုဟာ ရည်ရွယ်ချက် မတူပါဘူး။ ဒါပေမယ့် အဲဒီဆိုက်တွေမှာ About Us, Contact Us စတဲ့ တူညီတဲ့ စာမျက်နှာဖွဲ့စည်းမှု တချို့တော့ ပါနေတာ တွေ့ရမှာပါ။ ဒီဆိုက်နှစ်ခုလုံးမှာ ကြိုတင်နေရာ၀ယ်ယူခြင်း (Booking) စနစ်တွေ ပါနေဦးမှာပါ။ ဒါပေမယ့် အဲဒီ Booking စနစ်များရဲ့ လုပ်ဆောင်ချက်တွေနဲ့ စုဆောင်းရတဲ့ အချက်အလက်တွေကတော့ တူမှာ မဟုတ်တော့ပါဘူး။
Drupal ကို သုံးပြီး မတူညီတဲ့ ၀က်ဘ်ဆိုက် အမျိုးမျိုးကို အလွယ်တကူ တည်ဆောက်လို့ ရပါတယ်။ Drupal ေ၀ါဟာရမှာ (Drupal Terminology) အဲဒီလို ၀က်ဘ်ဆိုက် အမျိုးအစား များစွာကို အဆင်သင့်တည်ဆောက်ဖို့ လိုအပ်တဲ့ အရာအားလုံး အဆင်သင့် ဖန်တီးထည့်သွင်း ပေးထားတဲ့ Installer တွေကို “Installations Profile” တွေလို့ ခေါ်ပါတယ်။ ယခုအချိန်အထိ Drupal.org မှာ Installation Profile စုစုပေါင်း 118 Installation profiles ရှိပါတယ်။ Drupal version, 4.7, 5, 6,7 အထိ အမျိုးမျိုး ရောနေပါတယ်။
Drupal Installation profile တစ်ခုမှာ ၀က်ဘ်ဆိုက် အမျိုးအစား တစ်ခုအတွက် လိုအပ်တဲ့ အင်္ဂါရပ်များနဲ့ လုပ်ဆောင်ချက်များ (Features & Functions) အားလုံးရရှိစေဖို့ အတွက် - Drupal Core, Contributed Modules, Themes များနဲ့ ကြိုတင်ဖန်တီးပေးထားတဲ့ အပြင်အဆင်များ (Pre-defined Configurations) ပါရှိပြီး ဖြစ်ပါတယ်။ ကိုယ်တည်ဆောက်ချင်တဲ့ ၀က်ဘ်ဆိုက် အမျိုးအစားနဲ့ ကိုက်ညီတဲ့ Installation Profile ကို Download ချပြီး Install လုပ်လိုက်ရုံပါ။ ဒီလို Installation Profiles တွေကို သုံးခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ ဆိုက်တစ်ခုဖြစ်ဖို့ အစအဆုံး တည်ဆောက်နေရတာထက် အများကြီး လွယ်ကူလျင်မြန် ပါတယ်။
ဥပမာ အနေနဲ့ ပြောပြရမယ်ဆိုရင် အစည်းအေ၀း (Conference) တစ်ခုလုပ်ဖို့အတွက် ရည်ရွယ်ဖန်တီးထားတဲ့ Installation Profile တစ်ခုမှာ -
စတဲ့ အစည်းအေ၀းတစ်ခု အတွက် လိုအပ်ချက်များ အားလုံးပါရှိတဲ့ Module တွေနဲ့ အပြင်အဆင် (Settings) များကို ကြိုတင်ပြင်ဆင်ပေးထားပြီး ဖြစ်ပါတယ်။ အဲဒီလို Install လုပ်ပြီးသွားတဲ့ အခါမှာလည်း သမားရိုးကျနည်းအတိုင်း Install လုပ်ထားတဲ့ Drupal site တွေလိုပဲ စိတ်ကြိုက် ပြန်ပြင်လို့ ရပါတယ်။
Drupal Installation Profile တစ်ခုကို သုံးပြီး Drupal site တစ်ခုကို တည်ဆောက်ဖို့အတွက် အခုလို အဆင့်ဆင့် လုပ်ရမှာပါ။
Drupal မှာ ပိုက်ဆံပေးပြီး ၀ယ်ယူရတဲ့ Module တစ်ခုမှ မရှိပါဘူး။ Drupal Core အပါအ၀င် Module ပေါင်း 7,169 ခု (2010-11-16) မှာ ကိုယ် အသုံးပြုချင်တဲ့ Module ကို အလွယ်တကူ ဒေါင်းလုတ်ချလို့ ရပါတယ်။ အားလုံး အတူတူ သုံးခွင့်ရနေတဲ့ ဒီ Module တွေကို အခြေခံထားပြီး၊ Developer များရဲ့ အစွမ်းအစနဲ့ အတွေ့အကြုံ၊ Web sites ပိုင်ရှင်များရဲ့ စီးပွားရေး လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်လိုက်တဲ့ အခါမှာ - Drupal sites တွေ အမျိုးမျိုး ပေါ်ထွက်လာတာကို မြင်ရမှာပါ။
Open Source Software များနဲ့ Open Source Community ရဲ့ အနှစ်သာရဟာ ပွင့်လင်းမှုရှိခြင်း ပါပဲ။ Drupal မှာ ပိုသိသာပါတယ်။ စာဖတ်သူဟာ ဒီလောက်အထိ ဖတ်လာခဲ့ပြီးပြီဆိုရင် Drupal ကို လေ့လာနေသူ၊ ဒါမှမဟုတ် စိတ်၀င်စား အသုံးချနေသူ တစ်ဦးဖြစ်မှာပါ။ Drupal Installation Profiles တွေဟာ ကျွန်တော်တို့ရဲ့ Drupal Learning Process မှာ အတော်လေး အရေးပါ ပါတယ်။
Drupal Installation Profile တစ်ခုကို ကိုယ့်ကွန်ပျူတာရဲ့ Localhost မှာ Install လုပ်ပြီးသွားပြီ ဆိုတာနဲ့ အဲဒီ Drupal site မှာ အသုံးပြုထားတဲ့ Modules, Themes, Custom content types, Custom Views, Panel Configurations နဲ့ Rules စတာတွေကို ဘယ်လိုသုံးပြီး၊ လိုချင်တဲ့ အဖြေထွက်အောင် ဘယ်လို ပြင်ဆင်ထားတယ် ဆိုတာ လေ့လာလို့ ရသွားပါပြီ။ ဒါဟာ Open Source ရဲ့ အနှစ်သာရပါပဲ။ Drupal ကျွမ်းကျင်သူများက ကြိုတင် ပြင်ဆင်ပေးထားတဲ့ Website တစ်ခုကို အခုလို အသင့်သုံးပြီး၊ အစအဆုံး လေ့လာလို့ရတာ Drupal တစ်ခုပဲ ရှိတယ်ဆိုရင် မှားမယ် မထင်ပါဘူး။
For more information
List of Installation profiles on Drupal.org
Installing an installation profile
Comments
Chit Snow (not verified)
Fri, 01/20/2012 - 04:26
Permalink
View source code
အစ်ကို တစ်ခုလောက် သိချင်လို့ပါ ညီမလုပ်ထားတဲ့ Drupal site တွေမှာဆိုရင် Head tag ထဲမှာ ....
<link type="text/css" rel="stylesheet" media="all" href="/sites/all/modules/ckeditor/ckeditor.css?c" />
အခုလို Install ထားတဲ့ Module Link တွေ ပါနေပါတယ် ....မပါအောင် ဘယ်လို လုပ်လို့ရနိုင်မလဲ သိချင်လို့ပါ အစ်ကို တစ်ချို့ site တွေမှာ Module link တွေမပါလို့ပါ ကျေးဇူးတင်ပါတယ် အစ်ကို
everlearner
Fri, 01/20/2012 - 08:14
Permalink
Change the Performance Settings
Module Link တွေ ပေါ်နေတာက CSS, JS ဖိုင်တွေကို Compress မလုပ်ထားလို့ ဖြစ်တာပါ။ Compress မလုပ်ထားတဲ့ Drupal ဆိုက်တွေက ပိုနှေးတတ်ပါတယ်..
Compress လုပ်ဖို့က −
− Drupal 6 အတွက်ဆိုရင် "/admin/settings/performance"
- Drupal 7 အတွက်ဆိုရင် "/admin/config/development/performance"
မှာ Page compression: ကို Enable လုပ်ပေးရပါမယ်။
Web Developer, Website owner တစ်ယောက်က သူ့ဆိုက်ကိုမြန်အောင် လုပ်ဖို့ တာဝန်ရှိပါတယ်။ နောက်ထပ် အသေးစိတ် သိချင်သေးရင် − http://mmshare.org/node/56/ မှာ အသေးစိတ် ဖတ်ကြည့်ပါနော်... အပေါ်မှာပြောခဲ့တဲ့ Page Compression အကြောင်းလည်း အဲဒီမှာ "GZippig Drupal Sites" ဆိုတဲ့ ခေါင်းစဉ်အသေးလေးနဲ့ ရေးထားပါတယ်...
နောက်ထပ် အခက်အခဲ ရှိရင်လည်း မေးလို့ ရပါတယ်
သိသလောက် ပြန်ပြောပြပါ့မယ်
အောင်မြင်ပါစေ...
Chit Snow (not verified)
Sat, 01/21/2012 - 04:33
Permalink
အခုလို ရှင်းပြပေးတဲ့ အတွက်
အခုလို ရှင်းပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အစ်ကို
ညီမ စမ်းကြည့်လိုက်ပါမယ်...
အစ်ကို့ Blog တွေဖတ်ရတာ ဗဟုသုတ အများကြီးရပါတယ်
ကျေးဇူးပါ
Chit Snow (not verified)
Sat, 01/21/2012 - 23:34
Permalink
အစ်ကို ရေ ညီမ စမ်းကြည့်တော့
အစ်ကို ရေ ညီမ စမ်းကြည့်တော့ Page Compression မှာ အစကတည်းက Enable လုပ်ပြီးသားဖြစ်နေတယ်
Page ကို ပြန်ကြည့်တော့လည်း Module Link တွေက ရှိနေတုန်းပဲ အစ်ကို ...
ဘာထပ်လုပ်စရာ လိုသေးလဲ သိချင်လို့ပါ ...
အချိန်ပေးပြီး ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
everlearner
Sun, 01/22/2012 - 00:17
Permalink
Clear cached data
Page Compression ကို Enable လုပ်ထားပြီးရင် အဲဒီ Performance page ထဲမှာပဲ
− "Clear cached data" (D6),
- "Clear all caches" (D7) ကို နှိပ်ပြီး Cache ဖိုင်တွေကို ရှင်းဖို့ လိုပါတယ်
ပြီးတော့ ကိုယ့်အင်တာနက် Browser ကို Forced Refresh (Shift + F5) လုပ်ပြီး Browser ရဲ့ cache ထဲမှာ သိမ်းထားတဲ့ ဖိုင်တွေကို ထပ်ရှင်းဖို့ လိုပါ့မယ်။ အဲဒီလိုဆိုရင်တော့ ပြောင်းလဲထားတာတွေကို မြင်ရမှာပါ...
ထပ်ကျိုးစားကြည့်ပါဦး အဆင်မပြေရင် ပြောနော်...
Chit Snow (not verified)
Mon, 01/23/2012 - 23:59
Permalink
အစ်ကို ရေ ... အခုရသွားပြီ
အစ်ကို ရေ ... အခုရသွားပြီ ကျေးဇူးပါ ... ;)
ညီမက css & js ကို Enabled လုပ်ဖို့ကျန်နေလို့
*Block cache* ကိုရော Enabled လုပ်သင့်လား အစ်ကို ?
everlearner
Tue, 01/24/2012 - 05:07
Permalink
Block cache for static contents
Block တွေထဲမှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို မူတည်ပြီး Block Cache ကို Enabled လုပ်နိုင်ပါတယ်။
တကယ်လို့ အချက်အလက်တွေက ချက်ချင်း Update ဖြစ်စရာ မလိုတဲ့ Static Content တွေ ဆိုရင်တော့ Block Cache ကို Enable လုပ်ထားတဲ့အခါ အချက်အလက်တွေကို Cache ထဲကနေပဲ ပြပေးပါလိမ့်မယ်။
အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ Block Cache ကို Enable လုပ်ထားပြီး Dynamic content တွေပါတဲ့ block တွေလိုအပ်လာရင် Views ကို သုံးပြီး Cache time ကို လိုသလို ထိန်းချုပ်နိုင်ပါတယ်။
Chit Snow (not verified)
Tue, 01/24/2012 - 05:14
Permalink
Thanks you so much
အချိန်ပေးပြီး ဖြေပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို ...
အစ်ကို ပြောသလို စမ်းကြည့်လိုက်ပါမယ် အစ်ကို
Add new comment