Avoid using CSS Expressions - CSS Expressions များကို ရှောင်လွှဲ အသုံးပြုခြင်း

အဓိက အကြောင်းအရာ - css
CSS expression များသည် CSS property များကို Dynamically သတ်မှတ်ပေးနိုင်သည့် အစွမ်းထက် (သလို အန္တရာယ်လည်းများ) သော နည်းလမ်းတစ်ခု ဖြစ်သည်။ ၄င်းတို့ကို Internet Explorer (IE) version 5 မှ စတင် အသုံးပြုနိုင်ခဲ့သည်။ ဥပမာအားဖြင့် နောက်ခံအရောင်တစ်ခုကို တစ်နာရီကြာတိုင်း တစ်ခါ အရောင်ပြောင်းစေလိုပါက CSS expressions ကို အသုံးပြုပြီး အောက်ပါအတိုင်း ရေးသားနိုင်သည်။

background-color: expression( (new Date()).getHours()%2 ? "#B8D4FF" : "#F08A00" );

အထက်တွင် ဖော်ပြထားသည့် အတိုင်း CSS expression method သည် JavaScript expression တစ်ခုကို လက်ခံ အလုပ်လုပ်ပေး နိုင်သည်။ CSS property မှာ ၄င်း JavaScript expression ကို အလုပ်လုပ်ခိုင်းရာမှ ထွက်ပေါ်လာသည့် ရလာဒ် ဖြစ်သည်။ ဤ Expression နည်းလမ်းကို အခြားသော အင်တာနက်ကြည့် ဆော့ဖ်၀ဲများတွင် အသုံးပြုနိုင်ခြင်း မရှိပေ။ ထို့ကြောင့် အခြားသော အင်တာနက်ကြည့် ဆော့ဖ်၀ဲများနှင့် ကိုက်ညီသော setting properties များကို Internet Explorer တွင် ဖန်တီးနိုင်ရန် CSS expression ကို သုံးနိုင်သည်။

Expression များနှင့် ပတ်သက်ပြီး ကြုံတွေ့ရသည့် ပြဿနာမှာ - IE က ၄င်းတို့ကို အလုပ်လုပ်ပေးသည့် အခြေအနေမှာ လိုအပ်သည်ထက် ပိုများနေခြင်း ဖြစ်သည်။ အင်တာနက် စာမျက်နှာတစ်ခုကို ပုံဖော်ချိန်၊ အရွယ်အစား ပြောင်းလဲချိန်၊ အသုံးပြုနေသူများက စာမျက်နှာကို Scroll လုပ်လိုက်ချိန်နှင့် ထိုစာမျက်နှာပေါ်တွင် Mouse ကို ဖြတ်ရွှေ့လိုက်ချိန်များတွင် ပင်လျှင် Expression များကို စစ်ဆေး အလုပ်လုပ်နေခြင်း ဖြစ်သည်။

CSS expression ထဲတွင် Counter တစ်ခုကို ထည့်သွင်းရေးသားပြီး CSS expression တစ်ခု အလုပ်လုပ်သည့် အကြိမ်ပေါင်းကို စမ်းသပ်စစ်ဆေးကြည့်ရာ - စာမျက်နှာ အတွင်း Mouse ကို နေရာ အနည်းငယ်မျှ ရွှေ့ပြောင်းလှုပ်ရှားကြည့်လိုက်ခြင်း သည်ပင်လျှင် အကြိမ်ပေါင်း 10,000 ကျော်မျှ အလုပ်လုပ်ကြောင်း - တွေ့ရှိရသည်။

ရေးသားထားသည့် CSS expression များအား စစ်ဆေး အလုပ်လုပ်သည့် အကြိမ်အရေအတွက်ကို လျော့ချနိုင်သည့် နည်းလမ်းတစ်ခုမှာ - တစ်ကြိမ်သာ အလုပ်လုပ်သော (One-time) expression များကို သုံးခြင်း ဖြစ်သည်။ ပထမဆုံးအကြိမ် ၄င်း expression ကို စစ်ဆေး အလုပ်လုပ်ချိန်တွင် သက်ဆိုင်ရာ CSS properties များကို သတ်မှတ်ပေးပြီး နောက်ထပ် အလုပ်မလုပ်တော့ဘဲ ရပ်တန့်နေစေခြင်း ဖြစ်သည်။ အကယ်၍ Style property တစ်ခုကို သက်ဆိုင်ရာ စာမျက်နှာကို အသုံးပြုနေသမျှ ကာလပတ်လုံး Dynamically သတ်မှတ်ပေးနေလိုပါက CSS expression များအစား Event handlers များကို ပြောင်းလဲ အသုံးပြုသင့်သည်။

CSS expressions များကို မဖြစ်မနေ သုံးရတော့မည် ဆိုပါက အင်တာနက်ကြည့်ဆော့ဖ်၀ဲ၏ ၄င်း expression များကို အကြိမ်ပေါင်း ထောင်ပေါင်းများစွာ စစ်ဆေးကြည့်ရှုနေမှုက သက်ဆိုင်ရာ အင်တာနက်စာမျက်နှာ၏ စွမ်းဆောင်ရည်ကို ထိခိုက် ကျဆင်းစေမည် ဖြစ်သည်။

ထို့ကြောင့် CSS expression များကို တတ်နိုင်သမျှ အသုံးမပြုဘဲ ရှောင်ကျဉ်ခြင်းအားဖြင့် ၀က်ဘ်ဆိုက်၏ အမြန်နှုံးကို တိုးတက်စေမည် ဖြစ်ပေသည်။

REF: http://developer.yahoo.com/performance/rules.html#css_expressions

Add new comment

Similar Articles

Featured Articles