Adding On Domains - CPanel အကြောင်း တစ်စေ့တစ်စောင်း - ၂

ညီအကို မောင်နှမများ အားလုံး မင်္ဂလာပါရှင်။ CPanel အကြောင်း တစ်စေ့တစ်စောင်း ပထမပိုင်းမှာ CPanel ရဲ့ File Manager အကြောင်း Snow တို့ ပြောခဲ့ပါတယ်။ အခု ဆက်ပြီး ဒီဆောင်းပါးမှာတော့ နောက်ထပ် အသုံးဝင်တဲ့ Feature တစ်ခု ဖြစ်တဲ့ 'Addon Domains' တွေ အကြောင်း ဝေမျှသွားမှာပါ။ သိချင်တာ ဖြည့်စွက်ချင်တာတွေ ရှိနေရင်လည်း Comment box လေးထဲကနေ ဆွေးနွေး အကြံပြုကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

Adding On Domains

“Addon Domains” feature ကတော့ Web site တွေအများကြီးကို Hosting Account တစ်ခုထဲမှာ Host လုပ်ပြီး အသုံးပြုနိုင်တဲ့အတွက် အလွန်အသုံးဝင်တဲ့ feature တစ်ခု ဖြစ်ပါတယ်။

Main Domain တစ်ခုကို Hosting နဲ့ချိတ်ဆက်ပြီးလျှင် နောက်ထပ် Domain များအတွက် “Addon Domains” ကို အသုံးပြု၍ ထပ်ပေါင်းထည့် ပေးရပါမယ်။ Addon Domain ဟာ Sub Domain မဟုတ်ပါ။ Main Domain အောက်မှာ Website တစ်ခုခြင်းစီအတွက် Folder ခွဲထားပြီး သီးခြား Hosting တစ်ခုအဖြစ် လုပ်ဆောင် နိုင်ပါတယ်။

“Addon Domains” ကို setup လုပ်ဖို့အတွက် “Domains” ခေါင်းစဉ်အောက်ထဲက “Addon Domains” ကို Click လုပ်ပါ။

Click addon domain

  1. New Domain Name” မှာ ကိုယ့်ဝဘ်ဆိုဒ် Domain name ကို ထည့်လိုက်ပါ။
  2. Subdomain/FTP Username” မှာ ကြိုက်နှစ်သက်ရာ Username ကို ထည့်နိုင်ပါတယ်။
  3. Document Root” မှာတော့ ကြိုက်နှစ်သက်ရာ Folder Name ကို ပေးနိုင်ပါတယ်။
    (ဥပမာ။ public_html Folder ထဲမှာ ဆောက်ထားတဲ့ Folder Name က “example” ဆိုလျှင် “Document Root” မှာ “public_html/example” လို့ ဖြည့်ရမှာ ဖြစ်ပါတယ်)
  4. Password ကတော့ ကြိုက်နှစ်သက်ရာ Strong ဖြစ်မယ့် Password ကို ပေးနိုင်ပါတယ်။
  5. Add Domain ကို Click လိုက်ပါ။

Create an addon domain

“Addon Domains” ကို Create လုပ်ပြီးတာနဲ့ ဖော်ပြပါအတိုင်း Addon Domain list များကို မြင်ရမှာ ဖြစ်ပါတယ်။

modify addon domain

ဆက်လက်ပြီးတော့

  • “Addon Domains” မှာ “example.com” account တစ်ခုအသစ်လုပ်ပြီး၊
  • File Manager ထဲက public_html ထဲမှာ သက်ဆိုင်ရာ folder တစ်ခုဆောက်ပြီး
  • web page file များ Upload လုပ်ပြီးလျှင်တော့

မိမိ website ကို အသုံးပြုရန်အဆင်သင့် ဖြစ်သွားပါပြီ။

Note: “example.com” ကို သက်ဆိုင်ရာ Web hosting account ကို Domain point ထားပြီးဖြစ်ဖို့တော့ လိုအပ်ပါတယ်။

အပိုင်း (၃) အနေနဲ့ Domain တစ်ခုကို Point လုပ်တဲ့နည်း − How to Point a Domain အကြောင်း ဆက်ပြီး ပြောပြပါ့မယ်။ စာဖတ်သူ ညီအကို မောင်နှမများ ကိုယ်စိတ်နှလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေရှင်... :)

Tags:

Comments

"အပိုင်း (၃) Domain တစ်ခုကို Point လုပ်တဲ့နည်း − How to Point a Domain" က ဘယ်တော့ တင်မှာလဲ ခင်ဗျာ
ကျေးဇူးတင်ပါတယ် :)

Add new comment

Similar Articles

Featured Articles