About mmshare

ဒီ၀က်ဘ်ဆိုက်ကို တည်ထောင်ရတဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ မြန်မာလူငယ်တွေ ဘ၀ခရီးအတွက် - အသက်မွေး၀မ်းကျောင်း ပညာတွေ လေ့လာတဲ့ အခါမှာ ပြည်တွင်းပြည်ပ နေရာဒေသ အသီးသီးမှာ လုပ်ငန်းခွင်၀င်တဲ့ အခါမှာ၊ ဘာသာတရားကို လေ့လာကျင့်သုံးလိုတဲ့ အခါမှာ - စတဲ့ အရေးကြီးတဲ့ အခြေအနေအချို့မှာ - မဖြစ်မနေ လိုအပ်တဲ့ အချက်အလက် အချို့ကို ေ၀ မျှကြဖို့ ဖြစ်ပါတယ် -
အဓိကအားဖြင့် မြန်မာလူငယ်တွေ အတွက် ရည်ရွယ်ထားပြီး အများစုကို မြန်မာလို ရေးသားေ၀မျှကြမှာ ဖြစ်သော်လည်း - ကျွန်တော်တို့ရဲ့ ဆန္ဒ အမှန်က နိုင်ငံတကာသုံး ဘာသာစကား - English ကိုလည်း ရင်းနှီးစေချင်ပါတယ်... ရေးသားစေချင်ပါတယ်... ဘာသာပြန်စေချင်ပါတယ်...

အိမ်ထဲမှာနေရင် အိမ်ထဲမှာပြောတဲ့ စကားနဲ့ မိသားစု၀င်အချင်းချင်း ဆက်သွယ်နားလည်နိုင်ပေမဲ့၊ အိမ်ပြင်ထွက်တဲ့ အခါတော့ အများနားလည်တဲ့ အများသုံး ဘာသာစကားနဲ့ ရင်းနှီးကျွမ်း၀င်မှသာ ပြင်ပလောကမှာ ကျင်လည်ကျက်စားနိုင်မှာဆိုတော့ - အများသုံးဘာသာစကားတစ်ခုကို ရင်းနှီးစေချင်တာပါ...

ကျွန်တော်တို့ အိမ်ပြင်ထွက်လာတဲ့ အခါမှာ လူစိမ်းတွေကြားမှာ၊ တစ်ယောက်ထဲ ရုန်းကန်ကြရတာပါ... လူတိုင်းအတွက်ကတော့ အိမ်က ထွက်လာကာစ နေ့ရက်တွေဟာ ဘ၀မှာ မမေ့နိုင်စရာ (မချိုမြိန်သော :)) နေရက်များပါပဲ... အိမ်ပြင်ရောက်လာတော့ ရှင်သန်ဖို့ အတွက် အလုပ်လုပ်ကြတဲ့အခါ - မိခင်ဘာသာစကားနဲ့ ရေးသားထားတဲ့ လေ့လာစရာ အရင်းအမြစ်တွေဟာ ၀မ်းနည်းစရာ ကောင်းလောက်အောင် ရှားပါးနေပြီး၊ ရှိတာတွေကလည်း နောက်ဆုံး အခြေအနေနဲ့ မကိုက်ညီတော့ပါဘူး...

အိမ်ကထွက်လာပြီဆိုတာနဲ့ သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု ရလာတဲ့အခါ - အတွေ့အကြုံတွေ၊ အဖိုးတန် အရင်းအမြစ်တွေ တစ်နေ့ပြီးတစ်နေ့ စုဆောင်း ရရှိလာကြပေမဲ့ ပြန်လညေ်၀မျှဖို့ အချိန်မပေးနိုင်ကြတဲ့ အတွက် - နောက်ထပ်အိမ်က ထွက်လာတဲ့သူတွေမှာ အလားတူ အခက်အခဲတွေ ကြုံတဲ့အခါ မလိုလားအပ်တဲ့ စိတ်ဒါဏ်ရာတွေ၊ ခါးသီးတဲ့ အတွေ့အကြုံတွေ၊ မမျှော်လင့်တဲ့ ဆုံးရှုံမှုတွေနဲ့ ရင်ဆိုင်တတ်ကြရတာ အများကြီးပါပဲ...

အဲဒီလို အခြေအနေမျိုးတွေ အတွက် ကြိုတင်ပြင်ဆင်ထားနိုင်မယ်... ရှေ့လူတွေဆီကနေ အတွေ့အကြုံတွေ ကြိုရထားမယ်ဆိုရင် တခြားပိုအရေးကြီးတဲ့ နေရာတွေမှာ အာရုံစိုက်နိုင်မှာ သေချာပါတယ်...

အိမ်မှာ ဘယ်လောက်တော်တဲ့သူဖြစ်ဖြစ် အိမ်ပြင်ထွက်တဲ့ အခါ ကိုယ့်ထက်တော်တဲ့သူတွေ၊ မထင်ထားတဲ့ ပြဿနာတွေ၊ မသိသေးတဲ့ နည်းပညာတွေနဲ့ သေချာပေါက် ရင်ဆိုင်ကြရတာပါ...

... ဆက်ရန် ...

Tags:

Add new comment

Similar Articles

Featured Articles