7 Videos & 359 PowerPoint Slides We Can Learn JavaScript from JavaScript Architect Douglas Crockford

Learning JavsScript from an Expert

Web Development အတွက် မဖြစ်မနေ အသုံးပြုကြရသည့် ဘာသာစကားများတွင် JavaScript လည်း ပါသည်။ အထူးသဖြင့် ကျွန်တော်တို့၏ ၀က်ဘ်ဆိုက်များတွင် - လှုပ်ရှားမှုများ (Actions)၊ အမြင်အာရုံ အထူးပြုလုပ်ချက်များ (Visual Effects)၊ လာရောက် အသုံးပြုသူများနှင့် အပြန်အလှန် တုံ့ပြန်ဆက်သွယ်မှုများ (User Interactions)၊ အချက်အလက် မှန်မမှန် စစ်ဆေးချက်များ (Data Validations) - အစရှိသည့် လုပ်ဆောင်ချက်များစွာကို ထည့်သွင်းကာ ၀က်ဘ်ဆိုက်ကို အသက်၀င်လာအောင် ဖန်တီးရတော့မည် ဆိုလျှင် JavaScript ကို မဖြစ်မနေ အသုံးပြု ကြရသည်။ ယခုအခါ jQuery, MooTools, Prototype စသည့် JavaScript Library များစွာ ပေါ်ထွက်လာပြီ ဖြစ်၍ JavaScript အကြောင်းမသိသူများပင် JavaScript ၏ စွမ်းဆောင်ချက်များကို အလွယ်တကူ ရယူ အသုံးပြုနိုင်ပြီ ဖြစ်သည်။ သို့သော် ကိုယ်တိုင်ရေးသား ဖန်တီးလိုလျှင်တော့ JavaScript ကို ကိုယ်တိုင် နားလည် တတ်ကျွမ်းထားဖို့ လိုအပ်မည်။

Douglas Crockford

Douglas Crockford

ကွန်ပျူတာ ပရိုဂရမ်မာ တစ်ဦးဖြစ်သည့် Douglas Crockford သည် PayPal တွင် စီနီယာ JavaScript architect တစ်ဦး အဖြစ် အလုပ်လုပ်နေသူ ဖြစ်သည်။ သူသည် စွန့်ဦးတီထွင်သူ တစ်ဦးလည်းဖြစ်ပြီး JavaScript ဘာသာစကားကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ရှေ့တန်းမှ ပါ၀င်ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် JSON (JavaScript Object Notation) data format ကို တီထွင် ဖော်ထုတ် ပေးခဲ့သူလည်း ဖြစ်သည်။ (JSON ကို XML ၏ lightweight alternative အဖြစ် အလွယ်မှတ်သားနိုင်သည်။)

သူသည် ယခုအချိန်ထိလည်း JavaScript, JSON နှင့် အခြား ဆက်စပ်နေသည့် Web နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပြီး၊ ထိုဘာသာရပ်ဆိုင်ရာ စာပေများရေးသားခြင်း၊ ဟောပြောပွဲများတွင် ဆွေးနွေးခြင်းများကို တက်ကြွစွာ ဆောင်ရွက်နေသူ ဖြစ်သည်။ ပိုပြီး အသေးစိတ် သိရှိလိုပါက သူ၏ ကိုယ်ပိုင်၀က်ဘ်ဆိုက် http://crockford.com/ နှင့် Yahoo မှ http://yuiblog.com/crockford/ များတွင် သွားရောက် လေ့လာနိုင်ပါသည်။

Videos & Presentations about JavaScript by Douglas Crockford

Douglas Crockford ၏ JavaScript, DOM နှင့် အခြားနည်းပညာများ အကြောင်း ဆွေးနွေးချက် သင်ခန်းစာ များစွာကို အောက်တွင် ဖော်ပြထားသည့် ဗီဒီယိုနှင့် PowerPoint များရှိရာ မူလနေရာများမှတဆင့် လိုက်ပါလေ့လာ သင်ယူနိုင်ပါသည်။ ဗီဒီယို ဖိုင်များကို ဒေါင်းလုဒ်ရယူလိုပါက clipnabber.com ကိုသုံးကာ ရယူနိုင်ပါသည်။ သို့မဟုတ် Firefox တွင် Video Downloader Plug-in တစ်ခုခု ထည့်သွင်းထားလျင်လည်း အလွယ်တကူ တိုက်ရိုက် ရယူနိုင်သည်။

Douglas Crockford: "The JavaScript Programming Language" (1 to 4)

4 in 1 video - http://youtu.be/v2ifWcnQs6M

Slides - 142 - http://yuiblog.com/assets/crockford/javascript.zip - 143.96 KB

Douglas Crockford: "Advanced JavaScript" (1 to 3)

  1. http://www.youtube.com/watch?v=DwYPG6vreJg&list=PL5586336C26BDB324 OR
  2. http://youtu.be/47Ceot8yqeI
  3. http://youtu.be/QgwSUtYSUqA
  4. http://youtu.be/DwYPG6vreJg

Slides - 88 - http://yuiblog.com/assets/crockford/advancedjavascript.zip - 1.2M

Douglas Crockford: "Theory of the DOM" (1 to 3)

- http://youtu.be/Y2Y0U-2qJMs

- http://www.youtube.com/watch?v=Y2Y0U-2qJMs&list=PL5586336C26BDB324

Slides - 66 - http://yuiblog.com/assets/crockford/theory.zip - 2.6M

Douglas Crockford : "The State and Future of JavaScript"

Slides - 63 - http://www.yuiblog.com/assets/crockford-yuiconf2009-stateandfuture.ppt - 647.5 KB

Programming Style & Your Brain

In this keynote talk from YUIConf 2011, Yahoo! JavaScript architect Douglas Crockford drops some science to explain why code style is important in programming -- particularly in JavaScript -- and how tools like JSLint can help.

http://youtu.be/taaEzHI9xyY

မြန်မာ Web Developer, Web Designer ညီအကို မောင်နှမများနှင့် JavaScript ကို စိတ်၀င်စား လေ့လာသူများ အနေဖြင့် JavaScript Expert တစ်ဦးဖြစ်သည့် Douglas Crockford ၏ လိုရင်းကို ရှင်းလင်း လွယ်ကူစွာ သင်ကြားပို့ချထားသည့် ဗီဒီယိုများနှင့် PowerPoint ဆလိုက်များက JavaScript ကို Self Study လုပ်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ယုံကြည်မျှော်လင့်စွာဖြင့် လက်ဆင့်ကမ်း ဝေမျှလိုက်ပါသည်....

For More Information & Study

Add new comment

Similar Articles

  1. December Songs Collections (Burmese Version)         4,789 Reads...
  2. Minimizing the Number of iframes Usage to Speed Up our Websites         4,551 Reads...
  3. Gmail's People Widgets         7,100 Reads...
  4. sh404SEF in Joomla CMS         19,113 Reads...
  5. Data and Presentation Layers of Web Content Management Systems         13,038 Reads...
  6. 3 Essential Security Tips for Every WordPress Site         3,597 Reads...
  7. A Remote Team for a Tech Startup in Myanmar         15,529 Reads...

Featured Articles