All Tips, Tricks and Knowledge Sharing Articles

Static Text Link Guidelines for Webmasters - ပုံသေလမ်းကြောင်းဆိုင်ရာ လမ်းညွှန်ချက်များ

Google ၏ Webmaster Guidelines များတွင် ဝက်ဘ်ဆိုက်လမ်းကြောင်း (Website Links) များနှင့်ပတ်သက်သည့် လမ်းညွှန်ချက်တစ်ခုမှာ - ဝက်ဘ်ဆိုက်အတွင်း ပါရှိသည့် စာမျက်နှာတစ်ခုချင်းစီသို့ ရောက်ရှိနိုင်သည့် ပုံသေလမ်းကြောင်း (Static Text Link) တစ်ခုစီ အနည်းဆုံး ပါရှိရမည် (Every page should be reachable from at least one static text link) - ဟူ၍ ဖြစ်သည်။

Drag and drop attachments onto messages in our Gmail with Firefox and Google Chrome

Gmail နှင့်အတူ ဖိုင်များ ပူးတွဲပေးပို့ (Attachment) သည့်အခါ Mozilla Firefox 3.6 နှင့် Google Chrome အသုံးပြုသူများ ဖြစ်ပါက၊ ယခင်သုံးနေကျ  "Attach a file" နည်းလမ်းအပြင်၊ ဖိဆွဲပြီး လွှတ်ချ (Drag and Drop) သည့် အမြန်နည်းလမ်းကို သုံးနိုင်ပြီ ဖြစ်သည်။

အောက်ပါ ရှင်းလင်းချက်များ၊ နမူနာ သရုပ်ဖော်ပုံများနှင့် ဗီဒီယိုကို ကြည့်ပါ။
Firefox 3.6 သို့မဟုတ် Google Chrome ကိုသုံးပြီး Gmail သို့ Sign In ပါ။

Website Hierarchy Guidelines for Webmasters - ဝက်ဘ်ဆိုက် စာမျက်နှာများ ဖွဲ့စည်းမှုလမ်းညွှန်

ဝက်ဘ်ဆိုက် တည်ဆောက်ရန်အတွက် Google ၏ Webmaster Guideline များတွင် ဒုတိယမြောက် ဖော်ပြထားသည့် အချက်မှာ - အင်တာနက်စာမျက်နှာများကို ရှင်းလင်းသည့်  အဆင့်လိုက် နေရာချမှုဖြင့် ဝက်ဘ်ဆိုက်ကို ဖွဲ့စည်းရန် (Make a site with a clear hierarchy) - ဖြစ်သည်။

Top Five Gmail Account Security Tips - Gmail Account လုံခြုံရေး အဆင့်မြင့်နည်းလမ်း 5 သွယ်

လုံခြုံမှုအဆင့် မြင့်မားတဲ့ စကားဝှက်တွေကို အသုံးပြုခြင်းဟာ ကျွန်တော်တို့ရဲ့ တကိုယ်ရေ အချက်အလက်များကို အကာအကွယ်ပေးရာမှာ အထောက်အကူပြုသည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင်းနဲ့ ရွေးချယ်နိုင်တဲ့ နည်းလမ်းများကို သိရှိခဲ့ကြပြီးပါပြီ။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့  Gmail account တွေကို ပိုမိုလုံခြုံစေဖို့ အတွက် လုပ်စရာတွေ ကျန်နေပါသေးတယ်။

Text Links Guidelines for Webmasters

ဝက်ဘ်ဆိုက်တစ်ခု တည်ဆောက်သည့်အခါ အရေးပါသည့် Google ၏ Webmaster Guideline များတွင် ပထမဆုံး ဖော်ပြထားသည့် အချက်မှာ - အင်တာနက် စာမျက်နှာ အချင်းချင်း ချိတ်ဆက်ရန်အတွက် Link များကို စာသားဖြင့်သာ အသုံးပြုရန် (Make a site with text links) - ဟူ၍ ဖြစ်သည်။

ဝက်ဘ်ဆိုက်တစ်ခု အတွင်းပါရှိသည့် စာမျက်နှာများကို အချင်းချင်း ချိတ်ဆက်ရန်ဖြစ်စေ၊ ဆိုက်တစ်ခုမှ အခြားဆိုက်တစ်ခုသို့ ချိတ်ဆက်ရန် ဖြစ်စေ - Link များကို အသုံးပြုကြရသည်။ Link အမျိုးအစား နှစ်ခုရှိသည်။

Avoid 301 Website Link Redirect

အဓိက အကြောင်းအရာ - Content၀က်ဘ်ဆိုက်တစ်ခုတည်ဆောက်သည့် အခါ တခါတရံ အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်စာမျက်နှာများကို လမ်းကြောင်းလွှဲခြင်း (Link Redirecting) ပြုလုပ်ကြရသည်။

Minifying JavaScript And CSS to Improve Websites Performance

ကွန်ပျူတာ Program Code များအတွင်းမှ မလိုအပ်သည့် Character များကို ဖယ်ထုတ်ခြင်းကို အကျဉ်းချုံးခြင်း (Minification) ဟု ခေါ်သည်။ ဤနည်းဖြင့် Program Code များ၏ အရွယ်အစားသေးငယ်လာပြီး ၀က်ဘ်ဆိုက်၏ အမြန်နှုံးတိုးတက်လာသည်။ “Code များကို အကျဉ်းချုံးခြင်း” (Code Minification) ပြုလုပ်သည့်အခါတွင် - မှတ်ချက် (Comment) များ၊ မလိုအပ်သည့် နေရာလွတ်များ (Space, Newline, Tab) - စသည်တို့ကို ဖယ်ထုတ်ပစ်ရသည်။ အောက်တွင် မြင်ရသည့် ပုံမှာ - Google (Singaore) Home page ကို Viewsource ကြည့်သောအခါတွင် မြင်ရသည့် အနေအထား ဖြစ်သည်။ Minification ပြုလုပ်ထားသည့် JavaScript များနှင့် CSS များကို ပုံတွင် တွေ့ရမည်။

Multitasking by Using New Windows Feature in Gmail

Gmail ကို အသုံးပြုနေချိန်တွင် Chatting ပြုလုပ်ခြင်း၊ အီးမေးလ် ရေးသားခြင်း၊ အီးမေးလ် ဖတ်ရှုခြင်း၊Multitasking အီးမေးလ် ဖတ်ရှုနေရင်း နောင်တွင် ပြန်သုံးရန်အတွက် သိမ်းဆည်းလိုလျှင်၊ အီးမေးလ်ကို အကြောင်းပြန်ခြင်း စသည့် အလုပ်များစွာကို သက်ဆိုင်ရာ ဝင်းဒိုးများစွာဖြင့် တစ်ခုစီဖွင့်ကာ တပြိုင်နက်တည်း ပြုလုပ်နိုင်သည်။

Reduce DNS Lookups to improve web site performance - DNS Lookup များကို တတ်နိုင်သမျှ လျော့ချခြင်း

DNS Client and DNS Server ၀က်ဘ်ဆိုက်တစ်ခု လျင်မြန်စေရန်အတွက် DNS Lookup များကို တတ်နိုင်သမျှ လျော့ချနိုင်သည်။ Domain Name System (DNS) များတွင် ၀က်ဘ်ဆိုက်အမည်များ (Host names) ကို အင်တာနက်နံပါတ်များ (IP Addresses) များနှင့် ယှဉ်တွဲမှတ်သားထားသည်။ တယ်လီဖုန်းလမ်းညွှန် စာအုပ်များတွင် လူအမည်များနှင့် သက်ဆိုင်ရာ တယ်လီဖုန်းနံပါတ်များကို ယှဉ်တွဲမှတ်သားထားသည်နှင့် အလားတူသည်။

Using External JavaScript and CSS - JavaScript နှင့် CSS ဖိုင်များကို ပြင်ပမှ ရယူအသုံးပြုခြင်း

၀က်ဘ်ဆိုက်တစ်ခုကို လျင်မြန်စေသည့် အကြောင်းရင်းများစွာတွင် ပြင်ပမှ အစိတ်အပိုင်းများ (External Components) များကို ကိုင်တွယ် အသုံးချ စီမံခန့်ခွဲတတ်မှုလည်း ပါ၀င်သည်။ JavaScript နှင့် CSS ဖိုင်များကို

  • ပြင်ပမှခေါ်ယူအသုံးပြုခြင်း (External) နှင့်
  • စာမျက်နှာအတွင်း မြုပ်နှံထည့်သွင်း အသုံးပြုခြင်း (Inlined in the page) ဟူ၍ နည်းလမ်း နှစ်ခု ရှိသည်။

Web Developer များအနေဖြင့် ထိုနည်းနှစ်ခုအနက် မည်သည့်နည်းကို အသုံးပြုမည်ကို  အခြေခံအချက် တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားကြရသည်။

Pages

Featured Articles