All Tips, Tricks and Knowledge Sharing Articles

လူတော်ချစ်တဲ့ လူတော်တွေ - Clever Guys Love Clever Guys

ဦးနှောက်ကောင်းတဲ့သူ တော်တဲ့သူတွေကတော့ သူ့ထက်တော်တဲ့သူကိုပဲ အားကိုးချင်တာ လိုချင်တာပါ။ လူတစ်ယောက် ဒါမှမဟုတ် တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တော်တဲ့သူတွေ၊ ဉီးနှောက်ကောင်းတဲ့ သူတွေနဲ့ နေ့ရော ညပါ အတူတူ အလုပ်လုပ်တဲ့ နည်းထက်ကောင်းတဲ့နည်းလမ်း မရှိတော့ပါဘူး။

မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ နေရာတွေ အချိန်ကာလတွေမှာတော့ တကယ်တတ်သိတဲ့ ပညာရှင်တွေ ဘေးရောက်ဦးမှာပါပဲ။ အမှန်တရားကို မြတ်နိုးတဲ့ သူတွေက ပညာရှင်တွေကို ချစ်တယ် အားကိုးတယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက်တွေကတော့ ဘေးနားမှာ နားဝင်ချိုစရာလေးတွေ ပြောပေးပြီး အလိုလိုက် အကြိုက်လုပ်ပေးတဲ့သူတွေကိုပဲ သဘောကျတယ်။ ပညာရှင်တွေကလည်း အဲလို မလုပ်တတ် မလုပ်ချင်သူတွေဆိုတော့ နောက်ဆုံးမှာ ပညာရှင်ကို Welcome လုပ်ပြီး ပျော်အောင်ထားတဲ့ နေရာတွေကို ရောက်ကုန်တာပါပဲ။

Tags:

Mosh - Mobile Shell - Alternative to SSH from MIT

Mosh ဆိုတာ မကြာသေးမီကမှ မက်ဆာချုးဆက် နည်းပညာတက္ကသိုလ် MIT က အင်ဂျင်နီယာ Keith Winstein နဲ့ Anders Kaseorg, Quentin Smith, Richard Tibbetts, Keegan McAllister တို့ အတူတူ ရေးသား တီထွင်ခဲ့တဲ့ Remote Terminal application တစ်ခုပါ။ ဒီဆော့ဖ်ဝဲလေးဟာ Roaming ပြုလုပ်တာကို အထောက်အပံ့ပေးပြီး၊ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတဲ့ ဆက်သွယ်မှု (intermittent connectivity) တွေမှာလည်း ကောင်းကောင်း အလုပ်လုပ်ပါတယ်။ မြန်မာပြည်လို အင်တာနက် နှေးတဲ့နေရာမှာ၊ Mobile ဖုန်းလိုင်းက အင်တာနက်ကို ပြန်ပြီး Share လုပ် သုံးနေရတဲ့ နေရာတွေအတွက် Mosh ဟာ အလွန် အသုံးတည့်လာနိုင်ဖွယ်ရာ ရှိပါတယ်။

Myanmar Seriously Need Social Entrepreneurs to Rebuild the Nation

လူတိုင်းဟာ စီးပွားရေးနဲ့ မကင်းပါဘူး။ အသက်ရှင်သန် ရပ်တည်ဖို့အတွက် ဝင်ငွေရရာ အလုပ်တစ်ခုခုကို မဖြစ်မနေ လုပ်ကြရတဲ့ သူတွေ ဖြစ်ပါတယ်။ သင့်ရဲ့ အလုပ်ဟာ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်အထိ အကျိုးဖြစ်တယ် မဖြစ်ဘူးဆိုတာ သင့်မှာ အများကြီး မူတည်ပါတယ်။ လတ်တလော အခြေအနေမှာ ဆင်းရဲသားတွေ အများကြီးရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်ကို ရသလောက်ယူမယ် ဆိုတဲ့ စီးပွားရေးသမားတွေပဲ လာပြီး အလုပ်လုပ်မယ်ဆိုရင် တိုင်းပြည်နဲ့ လူမျိုးတွေ ဒီထက်ပိုပြီး ဆင်းရဲမွဲတေဖို့ပဲ ရှိပါတယ်။ တကယ်လို့များ သင်ဟာ ကိုယ်ပိုင်အလုပ်တစ်ခုခုကို စတင်ဖို့ ကြိုးစားနေတဲ့သူ တစ်ယောက်ဖြစ်ခဲ့မယ် ဆိုရင် Social Entrepreneur တစ်ယောက် ဖြစ်လာဖို့ လိုအပ်ချက် နှစ်ခုပဲ ရှိပါတယ်။

အဆင်သင့် ဖြစ်ပြီလား - Are We Ready?

အမိမြန်မာပြည်ရဲ့ ပြောင်းလဲ တိုးတက်စပြုနေတဲ့ အခြေအနေတွေကို အားရဝမ်းသာ စောင့်ကြည့်နေရင်း နေ့တိုင်းနီးပါး စဉ်းစားမိနေတဲ့ နောက်တစ်ချက်ကတော့ "ငါတို့ ဘာတွေ လုပ်ကြမလဲ" ဆိုတဲ့ မေးခွန်းပါ။ နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုတွေ ဝင်လာတဲ့အခါ၊ လွတ်လပ်ပွင့်လင်းပြီး အဂတိလိုက်စားမှုကင်းတဲ့ စီးပွားရေး စနစ်ဖြစ်ပေါ်လာတဲ့အခါ ကျွန်တော်တို့ ဘာတွေ လုပ်ကြမလဲ။

ဒေသခံ မြန်မာလူငယ်တွေက အလယ်အလတ်နဲ့ အဆင့်မြင့် အလုပ်အကိုင် အခွင့်အလမ်းတွေရဖို့အတွက် စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရစရာ ရှိပါတယ်။ မိုးရွာပေမယ့် ခံစရာ ခွက်မရှိလို့ မိုးကောင်းတုန်း ရေမခံရတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ မြန်မာပြည်သား လူငယ်တစ်ယောက် အနေနဲ့ ကိုယ့်တိုင်းပြည်က လူငယ်တွေကို အဆင့်အတန်းရှိတဲ့ အလုပ်တွေမှာပဲ သိက္ခာရှိရှိ ရပ်တည်လုပ်ကိုင် နေတာပဲ မြင်တွေ့ချင်တာ အမှန်ပါ။

Tags:

ရွှေကိုမလို ငွေကိုမလို အာဏာမလို - မြန်နှုံးမြင့် အင်တာနက်သာ လိုသည်

မြန်မာ လူငယ်တွေ အိမ်ပြန်အလုပ်လုပ်ဖို့ ဘာမှ မလိုပါဘူး။ ရွှေမလိုပါဘူး။ ငွေမလိုပါဘူး။ လူငယ်တွေဟာ အာဏာလည်း မမက်ပါဘူး။ အနှောင်အဖွဲ့ ကင်းစွာ၊ လွတ်လပ်စွာ ရှင်သန်လှုပ်ရှားခွင့်၊ တီထွင်ဖန်တီးခွင့်နဲ့ ပွင့်လင်း မြန်ဆန်တဲ့ အင်တာနက်တစ်ခုသာ လိုအပ်ပါတယ်။ အဲဒီ အချိန်ရောက်လာရင် နိုင်ငံပြင်ပမှာ ရောက်နေတဲ့ မြန်မာလူငယ်တွေ ဝမ်းသာအားရ အိမ်ပြန်လာကြမယ်လို့ ကျွန်တော်ကတော့ လှိုက်လှိုက်လှဲလှဲ ယုံကြည်ပါတယ်။ သိပ်မဝေးတော့တဲ့ အနာဂါတ်တစ်ခုမှာ အမိမြန်မာပြည်ကို ပြန်လည်ထူထောင်ဖို့အတွက် ကျွန်တော်တို့ အိမ်ပြန်နိုင်ကြမယ်လို့ မျှော်လင့်နေမိပါတယ်။

Tags:

ပရောဂျက် အောင်မြင်မှုကို တိုင်းတာခြင်း

"စီးပွားရေးဆိုင်ရာ ပရောဂျက်တစ်ခုရဲ့ အောင်မြင်မှုဟာ သက်ဆိုင်ရာ အဖွဲ့အစည်းအတွက် စီးပွားရေးဆိုင်ရာ တန်ဘိုး ဘယ်လောက်အထိ ဖြစ်ထွန်းမှု ရှိသလဲဆိုတာ အပေါ် မူတည်နေတယ်" ဆိုတဲ့ အချက်ပါပဲ။ ဒါဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ်၊ အစိုးရလုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ် အထူးအရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ပရောဂျက်တစ်ခုဟာ မပြီးခင်ကတည်းက အရှုံးပေါ်နေပြီ ဒါမှမဟုတ် သိပ်မကြာခင်မှာ အရှုံးပေါ်နေပြီ ဆိုရင် တစ်နေရာမှာ အကြီးအကျယ် မှားယွင်းနေပါပြီ။

အတားအဆီးများကို ဖော်ထုတ်ခြင်း (၅) - မသန်စွမ်းသော်လည်း လောကကို အောင်နိုင်သူများ

ကိုယ်လက် အင်္ဂါမသန်စွမ်းပေမယ့် သန်စွမ်းတဲ့သူတွေလို နေထိုင်ပြီး ဘဝမှာ အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးမှာ ရှိတဲ့ တူညီတဲ့ စိတ်ဓါတ်ကတော့ "ငါလည်း လူပဲ၊ ငါလည်း လုပ်နိုင်တယ်" ဆိုတဲ့ မဆုတ်မနစ်တဲ့ စိတ်ဓါတ်နဲ့ ခံယူချက် ဖြစ်ပါတယ်။ သူတို့တွေတောင် ဘဝကို အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ဖြတ်သန်းနေနိုင်ရင် ကိုယ်လက် ပြည့်စုံ သန်စွမ်းတဲ့ ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ ဘဝမမှာ အောင်မြင်စရာ အခွင့်အလန်း ပိုများပါတယ်။

Tags:

အတားအဆီးများကို ဖော်ထုတ်ခြင်း (၄) - မိဘတွေနဲ့ တိုင်ပင်ပါ

ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ ပုံစံတစ်မျိုးတည်း သွားနေလို့ မရပါဘူး။ အလွယ်တကူ ပြောင်းလွယ်၊ ပြင်လွယ်တတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုခုကို ရင်ဆိုင်ဖို့ အမြဲတမ်း အသင့်ပြင် ထားရပါမယ်။ လူတိုင်း အလုပ်လုပ်နေတဲ့ ဒီခေတ်မှာ ကျား/မ ခြားနားချက်ဆိုတာ မရှိသလောက် ဖြစ်နေပါပြီ။ ကိုယ်လုပ်သင့်တာကို ရဲရဲရင့်ရင့် လုပ်ဖို့က ပိုအရေးကြီးပါတယ်။

ဘာပဲလုပ်လုပ် ကိုယ့်ဘဝရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်တဲ့ ဇနီး၊ ခင်ပွန်း၊ မိဘတွေနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးပြီး သူတို့ရဲ့ အကြံဉာဏ်ကောင်းတွေနဲ့ အတွေ့အကြုံတွေကို နည်းနာယူ အသုံးချတတ်ဖို့လည်း အရေးကြီးပါတယ်။

Tags:

ပညာရေးမှာအောင်မြင်ဖို့ အဓိကအကျဆုံးက ဘာလဲ

ပညာရေးဆိုတာ လူ့ဘဝရဲ့ အရေးအကြီးဆုံးအရာတွေထဲက တစ်ခုပါ။ "ပညာရွှေအိုး လူမခိုး" ဆိုတဲ့ စကားပုံလေးလည်း ရှိပါတယ်။ ပညာသာတကယ်ရှိရင် ကျန်တာတွေရှိဖို့ သိပ်မခဲယဉ်းတော့ပါဘူး။ "ပညာ" ရှိမှသာ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ဝေဖန်ခွဲခြားနိုင်တဲ့ ဉာဏ်ရှိမှာပါ။ အဲဒီလိုဆိုရင် ဘဝမှာအောင်မြင်ဖို့ဆိုရင် ပညာရေးမှာအောင်မြင်ဖို့ကလည်း အရေးကြီးမှာပါပဲ။ အဲဒါဆိုရင် ပညာရေးမှာအောင်မြင်ဖို့ အဓိကအကျဆုံးအရာက ဘာများလဲ။

အတားအဆီးများကို ဖော်ထုတ်ခြင်း (၃) - ဥပဒေကို အသုံးချ

တကယ်တော့ ကံကောင်းတယ် ဆိုတဲ့သူ မရှိပါဘူး။ အလုပ်ကောင်းကောင်း လုပ်တဲ့သူတွေပဲ ရှိပါတယ်။ ကိုယ့်မှာ ယုံကြည်ချက်တစ်ခု ခိုင်ခိုင်မာမာ ရှိနေပြီးသားဆိုရင် ကိုယ်ယုံကြည်ရာကို တခြားသူတွေ လက်ခံအောင် စည်းရုံးလို့ ရပါပြီ။ တစ်ကြိမ်မှာ တစ်ယောက်ကနေ စပြီး စည်းရုံးပါ။ ဥပဒေဆိုတာ ကြောက်စရာ၊ ရှောင်ပြေးစရာ မဟုတ်ပါဘူး။ အသုံးချစရာပါ။ ဥပဒေဆိုတာ သိသူဖော်စား မသိသူကျော်သွား ပါပဲ။

ဘဝဟာ တစ်ကယ်တော့ တစ်ခါမှ မလုပ်ဖူးတာတွေနဲ့ ပြည့်နေတာပါ။ အဲဒါကြောင့် မလုပ်ဖူးတာ တစ်ခုခု ကောင်းရာကောင်းကျိုးတစ်ခုကို စပြီးလုပ်ဖို့ ဘယ်တော့မှ နောက်မကျ ပါစေနဲ့။ ကိုယ်မကျွမ်းကျင်ရင် ပိုကျွမ်းကျင်အောင် ကြိုးစားပါ။ ဒါမှမဟုတ် ကျွမ်းကျင်သူကို ရှာပါ။ အသုံးချပါ။ သင့်ရဲ့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို ဈေးကွက်တင်တဲ့အခါ ကလေးတွေရဲ့ နည်းဗျုဟာကို ပါးနပ်လိမ်မာစွာ အသုံးပြုဖို့ လိုပါလိမ့်မယ်။

Tags:

Pages